30 C
Yangon

ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်

Must read

ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ထိုင်း – မြန်မာနယ်စပ်က ရှမ်းကိုးရွာဒေသ မှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့အကြား မနေ့ကစလို့ တိုက်ပွဲဖြစ်ပေါ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် အထိ ထိုင်းဘက်​ရောက်ရှိ​နေတယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာဒေသ၊ ဝိုင်ဒင်း ကျေးရွာတိုက်ပွဲကြောင့် ထိုင်း ဘက် ကို စစ်ရှောင်သွားကြသူတွေဟာ အခုလ ၁၃ ရက်​နေ့ စစ်ရေးတင်း မာလာ ချိန်က စတင်ပြီး ထိုင်းဘက်ကို စစ်ရှောင်သွားကြပါတယ်။

စစ်ရှောင်တွေကို ထိုင်းနိုင်ငံ၊ သပခရာနယ်မြေမှာ လူ ၆၀ နဲ့ သဝေထောင် နယ် မြေ မှာ လူ ၅၀ စီ ရှိ​နေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ ပေး ဖို့ အသင့်ဖြစ်နေပြီလို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိ သူတွေက ကြေညာထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့ရဲ့ တိုက်ပွဲ အခြေအနေနဲ့ နှစ်ဖက်အကျအဆုံးကို အခုအချိန်ထိမသိရသေးဘဲ ဒီနေ့မှာတော့ တိုက် ပွဲ ခေတ္တငြိမ်သက်နေတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article