34 C
Yangon

ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင်ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ်

Must read

ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင်ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက်ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်များအကြားတွင်လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင်သောင်းကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးနေရသည်မှာ ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ စစ် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ‌ဖောက်ထွင်း၍ ပြည်သူပိုင်ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” ကျနော့်အိမ်မှာရှိတဲ့ လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ ၂ ဦး အိမ်ထဲမှာ အသတ်ခံရတယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါတယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရတဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

” နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက်ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ ၆ ရွာ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ ‌စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article