28 C
Yangon

ကျောက်မဲတွင် TNLA စခန်းကို ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ လက်နက်နှင့် ခဲယမ်းများ သိမ်း ဆည်းရမိ

Must read

ကျောက်မဲတွင် TNLA စခန်းကို ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ လက်နက်နှင့် ခဲယမ်းများ သိမ်း ဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် TNLA စခန်းကို ထိုးစစ်ဆင်လာသော စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၇ နာရီ ၃၀မိနစ်အချိန် စစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ လားရှိုးအခြေစိုက် စကခ ၁၆ ၊ ခလရ ၆၈ မှ အင်အား ၆၀ ဦးဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ TNLA စခန်းကုန်းသို့ ထိုးစစ်ဆင်းတိုက်ခိုက်သောကြောင့် TNLA ဘက်က ပြန်လည်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ယနေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီး နှင့် ဟတ်စကီး တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ဆက်တိုက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၇ နာရီ ၃၀ မိနစ် မှ ၉ နာရီ ၄၅ မိနစ် အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၁၀ နာရီ အချိန်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ် ၂ လက်၊ စက်သေနတ် ၁ လက်၊ RPG ၁ လက်၊ လက်ပစ် ဗုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ပြီး ၂ နာရီကျော်ကြာ ပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article