36 C
Yangon

ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ

Must read

ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကျောက်မျက်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းငယ်အတွင်းမှ M-14 နင်းမိုင်း အလုံး ၄၀ စနစ်တံပါ၊ MG-1 ပလက်စတစ် လက်ပစ်ဗုံး အလုံး ၃၀ ၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နှင့် Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

” အဲ့စခန်းက စစ်ခွေး အင်အား ၂၀ ကျော်လောက်ပဲရှိတာ စစ်ခွေး ၁၀ ကောင် အထက်သေတယ်။ ကျန်တဲ့ ခွေးတွေကတော့ ထွက်ပြေးသွားတယ်။ စခန်းထဲက မိုင်းအမျိုးမျိုး ၁၀၀ ကျော်နဲ့ Anti Drone Gun တစ်လက် သိမ်းနိုင်ခဲ့တယ်” ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KLG တပ်မဟာနှင့်အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article