37 C
Yangon

ကြံ့ဖွတ်ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေးသမားများ၊ စစ်တပ်ထောက်ခံသူများ၊ အရာရှိဟောင်းများနှင့်စစ်မှုထမ်းဟောင်း အများအပြား လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့် လျှောက် ထားနေကြ

Must read

ကြံ့ဖွတ်ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေးသမားများ၊ စစ်တပ်ထောက်ခံသူများ၊ အရာရှိဟောင်းများနှင့်စစ်မှုထမ်းဟောင်း အများအပြား လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့် လျှောက် ထားနေကြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

အကြမ်းဖက်စစ်ကောင်စီက လိုင်စင်ဖြင့်လည်းကောင်း၊ ပါမစ်ဖြင့်လည်းကောင်း လက်နက်ကိုင်ဆောင်ခွင့်လျှောက် ထား နိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ကြံ့ဖွတ် ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေး အစွန်းရောက်နှင့်စစ်တပ်ထောက် ခံသူ များ ၊ အရာရှိဟောင်းနှင့်စစ်မှုထမ်းဟောင်းများ လိုင်စင်ဖြင့် လက် နက်ကိုင်ဆောင်ရန် လျှောက်ထားသူ များပြား ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။

“လိုင်စင်နဲ့ သေနတ်ကိုင်ဖို့ လျှောက်တာ အတော်များပါတယ်။ အခု လျှောက် လွှာတွေ အတော်တက်နေတယ်လို့ သိရပါတယ်။ ဒါတွေက မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ် အဆင့်ဆင့် တက်ပြီး ပြည်ထဲရေးဝန်ကြီးက လိုင်စင်နဲ့ သေ နတ် ကိုင်ဆောင်ခွင့် ပြု၊ မပြု ဆုံးဖြတ်မယ်။ ပါမစ်နဲ့ သေနတ်ကိုင်ဆောင်ခွင့်က သိပ်မလျှောက်ကြဘူး။ ပါမစ်နဲ့ ကိုင်တာက အဖွဲ့အစည်းတွေကပဲ လျှောက်ရမယ့် အမျိုးအစားပါ။ လိုင်စင်နဲ့ အရမ်းလျှောက်ကြတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ဒသမ ၃၈ လက်မနှင့် ၎င်းထက်ပြောင်း၀ငယ်သော ဆုံလည်သေနတ်(ဥပမာအားဖြင့်-ခြောက်လုံးပြူး )၊ ၉ မီလီမတာနှင့် ၎င်းထက် ပြောင်း၀ငယ်သော ပစ္စတို သေနတ်၊ ပြောင်းချောသေ နတ်၊ လေသေနတ်၊ အမဲလိုက် သေနတ်များ ပါဝင်ကြောင်း သိရှိရသည်။

ပါမစ်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ရိုင်ဖယ်သေနတ်များ၊ စက်သေ နတ်ကလေး အုပ်စုဝင် သေနတ်များ ၊ ၉ မီလီမီတာ (သို့မဟုတ်) ဒသမ ၃၈ လက် မထက် ပြောင်း၀ ကျယ်သော သေနတ်များဖြစ်ကြောင်း၊ ပါမစ်ဖြင့် ကိုင်ဆောင်မည့် သေနတ်များကို နိုင်ငံတော်ပိုင် သေနတ်အဖြစ် မြို့နယ်ရဲတပ်ဖွဲ့တွင် မှတ်ပုံတင် စာရင်းသွင်းပြီးမှ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ရ ကြိုးစားနေသူများတွင် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးလည်းပါဝင်ပြီး သေနတ် ကိုင်ဆောင်ခွင့် ရရန် ၎င်း၏ လူမှုကွန်ရက် တယ်လီဂရမ်မှတစ်ဆင့် ရေးသား တောင်းဆိုလျက်ရှိနေသည်ကို တွေ့ရှိရသည်။

“ဥပဒေကို ဖတ်ကြည့်တော့ နိုင်ငံတော်ကို သစ္စာ ရှိတဲ့သူဖြစ်ရမယ်လို့ ရေးထားကတည်းက စစ်တပ်နဲ့ အဆင်ပြေတဲ့ သူတွေကို တရားဝင် သေနတ်ထုတ်ပေးဖို့ လုပ်တာပါပဲ။ အခုက PDF နဲ့ လူငယ်တွေ လက်ထဲမှာ သေနတ်တွေ ရှိနေပြီ။ စစ်တပ်က သူ့ထောက်ခံသူတွေကို မကာကွယ်ပေးနိုင်တော့ သေနတ်ထုတ်ပေးလိုက်တာပါ။ သေနတ်ကိုင်ဆောင်ခွင့် ဆိုတာ သာမန် အရပ်သားပြည်သူကို မပေးပါဘူး။ စစ်တပ်နဲ့ နီးစပ်စီးပွားရေးသမား၊ စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေကို အဓိက ပေးမယ်။ နောက်တစ်ခါ ရပ် ကွက်အုပ်ချုပ်ရေး အဖွဲ့တွေကို ပေးမယ်။ ဒီအတွက် ဒါကို ထုတ်တာပဲ” ဟု တပ်ဘက်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လူမိုက် လူဆိုးများက စစ်တပ်အတွက် ပျူစောထီး (သို့မဟုတ်) ပြည်သူ့စစ်များ အဖြစ် အလုပ်လုပ်ပေးနေရာ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးအပ်လိုက်လျှင် ပြည်သူများ ပိုမို ဖိနှိပ် ခြိမ်း ခြောက် ခံရမည်ဟု ဆိုကြသည်။

“ကျနော်တို့ အင်းစိန် ကမ်းနားမှာဆိုရင် ကျော်ဝင်းစိန် ကျင်ဟုတ် လူမိုက်တွေ ပြည်သူတွေကို လက်နက်ပြပြီး ဖိနှိပ်နေတာ။ ခြိမ်းခြောက်နေတာ။ လက်နက် ကိုင်ဆောင်ခွင့် တရားဝင်ရရင် သူတို့ လူမိုက်တွေ ပြည်သူကို ပိုပြီး ဖိနှိပ်လာမယ်လို့ ထင်တယ်” ဟု အင်းစိန် ကမ်းနားမှ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် သေနတ် ၃ လက်ကိုင်ဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၁ ဦး ကိုင်ဆောင်သော သေနတ်တစ်လက်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo Sources- Miles Vining

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article