25 C
Yangon

မ​​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍ ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊ ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ

Must read

မ​ကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍ ပြည်သူ ၁၀၀၀ ကျော် ထွက်​ပြေး​နေရ၊ ဖမ်းဆီးခံရသူများရှိပြီး စစ်တပ်က သတ်ဖြတ်မည်ကို စိုးရိမ်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ကာ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး ဝင်ရောက် စီးနင်းနေပြီး ကျစ်ပြင်ရွာ၊ ရွာသာကုန်းရွာ၊ သက္ကယ်ကျင်းရွာနှင့် ထွန်ရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ​​ကြောင်း၊ ဒေသခံ ပြည်သူ တချို့လည်း ဖမ်းဆီးခံထားရပြီး အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

” ၂၁ ရက်နေ့က စပြီး ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်သား အင်အား ၃၀၀ ကျော်နဲ့ကို အပြင်းအထန်း စီးနင်းနေတာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁၀၀၀ ကျော်ရှိတယ်။ ပြည်သူတွေ စစ်ဘေးရှောင်နေရတာ ၃ ရက်ရှိပါပြီ ပြည်သူတချို့လည်း အဖမ်းခံရတာ ရှိတယ်။ အဆက် အသွယ်မရဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ကျစ်ပြင်ရွာ၊ ရွာသာကုန်းနှင့် သက္ကယ်ကျင်းရွာများတွင် ကင်းပုန်းများ ချကာ စစ်ကြောင်း ဖျောက်ထားပြီး အနီးအနားရှိ ​ကျေးရွာများကိုလည်း ကင်းပုန်းများက အကြောင်းမဲ့ ပစ်ခတ်ခြင်းနှင့် ပဲခင်း ဆေးဖျန်းသူများကိုလည်း စစ်သားများက လိုက်လံပစ်ခတ်မှုများ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article