31 C
Yangon

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၆၀ ကျော်သည် မြို့နယ် အနောက်ဘက်ခြမ်းရှိ ချမ်းသာကုန်းကျေးရွာ အတွင်းသို့ အ ကြမ်း ဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာသောကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနှင့် ကုန်းသာ ကျေးရွာများမှ လူဦးရေ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ မဒေါင်းလှရွာမှ စစ်သားနှင့် ပျူစောထီး အင်အား ၈၀ ကျော်သည် ဇီးကုန်းသကြားစက်ဘက်မှ ပိတောက်ကုန်းရွာသို့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ပိတောက်ကုန်းကျေးရွာမှ ပြည်သူ ၁၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ခင်ဦး မြောက်ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၇ ရွာကျော်ကို ဒီနေ့ နံနက်ပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ပြီး အကြောင်းမဲ့ ဝင်ရောက် စီးနင်းနေတယ်။ ပြည်သူ ၄၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article