28 C
Yangon

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ​နေသဖြင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင် နေရ

Must read

ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ​နေသဖြင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင် နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့ပေါ် ရောက်ရှိလျက်ရှိသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အနောက်ဘက်ရှိ ကံသာယာ၊ ကံသစ်၊ ငှက်ပျောရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီး၊ စည်ပုတ္တရာ စသည့် ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၉၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” စစ်ခွေးတွေက ကျေးရွာ ၇ ရွာထက်မနည်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာ ပြည်သူ ၉၀၀၀ ကျော်က နီးစပ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဗအိုးကျေးရွာ အတွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးလျက်ရှိကြောင်း၊ ထို့ပြင် ယင်းစစ်ကြောင်းသည် ယမန်နေ့က ခင်ဦးမြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ မြို့ပေါ်၌ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article