30 C
Yangon

ခင်ဦးရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၉ မိနစ်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗအိုး၊ အင်တိုင်းကြီး၊ ကံသစ်၊ ဂွေးကုန်း၊ မြစ်တော်၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ သရက်ကုန်း၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ မြင်းကျ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲကာ အကြောင်းမဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

ခင်ဦးမြို့ပေါ်မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်း သည် ဗအိုးရွာတွင် ညအိပ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗအိုးကျေးရွာမှ ထွက်ခွာလာပြီး ခင်ဦး-ရေဦး လမ်းပိုင်းရှိ တဲစုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီးနောက် ကျန်ရှိနေသော ကျေးရွာများကိုပါ စစ်ကြောင်း ၂ ​ကြောင်းခွဲကာ စီးနင်း နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article