35 C
Yangon

ခင်ဦး၊ လက်ပံလှရွာကို စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်၊ နေအိမ် ၂၅၀ ကျော်ပြာကျ

Must read

ခင်ဦး၊ လက်ပံလှရွာကို စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်၊ နေအိမ် ၂၅၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ လက်ပံလှ ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးလောင်ဗုံးများပါ အသုံးပြုပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အသက် ၈၀ အရွယ် သီလရှင် ၁ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ မီးရှို့လို့ နေအိမ်​ ၂၅၀ ကျော်ပြာကျသွားတယ်။ စစ်ခွေးတွေက နေအိမ်တွေကို မီးလောင်ဗုံးတွေ ရေနံဆီတွေပါ သုံးပြီး ရှို့သွားတာ မွန်းလွဲ ၃ နာရီကနေ ၅ နာရီ အထိ မီးရှို့ဖျက်ဆီးသွားတယ်။ ကျေးရွာနေ အသက် ၈၀ အရွယ် သီလရှင် ဆရာလေး ဒေါ်ဆိတ် ကိုမီးရှို့သတ်ဖြတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article