31.9 C
Yangon

ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ

Must read

ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CAN တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CAN ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CAN တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CAN ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CAN တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အ ကြမ်းဖက် စစ်တပ်မှ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Chin National Front ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက် CAN တပ်မဟာ နယ်မြေ -၄ အတွင်း၌ CAN နှင့် CDF- Hualngoram ရဲဘော်များက ရိက္ခာသယ်ယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ZRA တပ်ဖွဲ့က Laitui ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပြီး ZRA ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးကာ ၂၂ ဦးကျော်ဒဏ်ရာရရှိ ခဲ့ပြီး သေနတ်အလက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ CAN ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ စစ်ရ ဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ ဗျူ ဟာ ကုန်းမှလည်း ထန်တ လန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article