34 C
Yangon

ဂန့်ဂေါတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ထီးလင်း တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ

Must read

ဂန့်ဂေါတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ထီးလင်း တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာတောင်ဘက်တွင် စစ်တပ် စစ် ကြောင်းကို PDF တပ်များက တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း YPDF တပ်ဖွဲ့ မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ မြစ်သာ တမံဆည်ပေါ်မှ ပြန်ထွက်လာသော အကြမ်းဖက်စစ်သား ၈၉ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှီရသည်။

တိုက်ပွဲဖြစ်စဉ်မှာ မြစ်သာဆည်ပေါ်မှ မင်းရွာသို့ ခြေလျင်စစ်ကြောင်း ထိုးလာ သော ခလရ ၅၀ စစ်သား အင်အား၁၂၀ခန့်ကို မင်းရွာအဝင်တွင် အသင့် စောင့် ဆိုင်းနေသော မဟာမိတ်တပ်ပေါင်းစု YDFတပ်ရင်း ၁၄ ၊ KKGတပ်ရင်း ၅ ၊ YPDF ၊ ဇိုတုန်CDF၊ နဂါးညီနောင် ပကဖ၊ အနီရောင်တိုက်ခိုက်ရေးအဖွဲ့၊ခရိုင် တပ်ရင်းတို့က မွန်းလွဲ ၂ နာရီ နာရီမှ မွန်းလွဲ ၃ နာရီအထိ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က မင်းရွာထဲ၌ တပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေ ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်သဖြင့် ပြည် သူများအနေဖြင့် ဂန့်ဂေါ- မင်းရွာလမ်းပိုင်းအား အသုံးပြုသွား လာခြင်း မပြုကြရန် PDF Gangaw တောင်ပိုင်းတပ်ဖွဲ့က မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

အလားတူ ဆောမြို့နယ်၊ သရက်ချဉ် ကျေးရွာတွင် ညအိပ်စခန်းချခဲ့သည့် အင် အား ၉၀ ခန့်ပါ ထီးလင်း မြို့မှ အကြမ်းဖက်စစ်ကြောင်းသည် သရက်ချဉ် ကျေး ရွာ တောင်ဘက် ယောချောင်းသို့ ထွက် ခွာလာပြီး စစ်သား ၂၅ ဦးမှ ရှေ့ပြေး ပွိုင့်ထွက်ခွာ အပြစ်မဲ့ဒေသပြည်သူ ၃၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံး ပြုထားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းတွင် နွားလှည်း ၃ စီးလည်းပါရှိလာပြီး ငလွန်း ကျေးရွာ ဘက်သို့ ဦးတည် သွားလာ နေသဖြင့် အနီးအနားကျေးရွာနေ ပြည်သူ များအနေဖြင့် လုံခြုံဘေးကင်းရာရှောင်ရှားနေထိုင်ကြ ရန် ဒေသ သတင်းရင်း မြစ်များက အသိပေးထားသည်။

ဓာတ်ပုံ- ဂန့်ဂေါမှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article