40.9 C
Yangon

ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ်ရိက္ခာကားတန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ လောင်းလုံးတွင်လည်း ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်

Must read

ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်တပ်ရိက္ခာကားတန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ လောင်းလုံးတွင်လည်း ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း မြစ်ငယ် PDF မှ ပြန်ကြား ရေးတာဝန်ခံ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မန္တလေး၊ မြို့သာမြို့မှ ငါးဇွန်မြို့သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို ငါးဇွန်မြို့ တောင်လယ်သာနှင့် ရွာလာ လမ်းပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ် အသက် မွေးမြူရေး သင်တန်းကျောင်း-၂ မှ ဗိုလ်ကြီး ၁ ဦးပွဲချင်းပြီးသေဆုံးပြီး စစ်သား ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း Myitnge – PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့် AH NYAR MYAY SPECIAL DEFENSE FORCE တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်မှ လာသည့် စစ်တပ်ရိက္ခာတင်ကား ၇ စီးကို KNU နှင့် PDF မဟာမိတ်တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ စစ်ကားတစ်စီးပျက်စီး‌ကြောင်း၊ စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခံရသည့် နေရာ အနီးမှ နေအိမ်တစ်လုံးကို မီးရှို့ ဖျက်သွားကြောင်း သိရှိရသည်။

“ဝေါကနေလာတဲ့ ရိက္ာ စစ်ကား၇စီးကိုသွားပစ်တာ လမ်းကြောင်းလုံခြုံရေးယူထားတဲ့စစ်ခွေးတွေနဲ့ဆုံတော့လက်ဦးယူပြီးဆော်ထည့်တာပူးပေါင်းအဖွဲ့ကဘေးကင်းလုံခြုံစွာပြန်ဆုတ်တယ်။ ဒေါက်ရပ်ဘက်မှာပါ။ ခွေး၇ကောင်ဂိန်တယ်။ ၃ကောင်ဒဏ်ရာပြင်းတယ်။ ခွေးတွေက အိမ်တစ်လုံးမီးရှို့ပြီး ခွေးကားတစ်စီးပျက်စီးတယ်။ ဂိန်တဲ့ထဲဗိုလ်နှစ်ကောင်ပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

ထို့အတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့များ လိုက်ပါလာသည့် ကား ၁ စီးသည် ကမြောကင်းတံတားမှ လောင်းလုံးသို့ ထွက်ခွာလာစဥ် ထားဝယ်-လောင်းလုံး လမ်းပိုင်း၌ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း LLPDF တပ်ဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့၏ စစ်ရေးပြမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article