36 C
Yangon

ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

ငါန်းဇွန်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ပတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ကြီး နန္ဒာမင်း အပါ အဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၊ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သား ၁၀ ဦးသည် ကင်းပတ်ထွက်လာချိန် ရွာလယ်ဘုရားအရောက် ဒေသကာကွယ်ရေးအဖွဲ့ဝင်များက စောင့်ကြို တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စစ်သား ၄ ဦးသေဆုံးကာ MA 2 သေနတ် ၁ လက်နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ၊ TGYR – Youth Guerrilla Counter Revolution(LPD)၊ MN PDF MyitNge၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီ ပျောက်ကျားတပ်ဖွဲ့၊ SINTGAING LPDFနှင့် မြင်းခြံခရိုင် တပ်ရင်း ၆ ( ငါန်းဇွန်)အပါအဝင် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article