30 C
Yangon

ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း (ခ) ကိုးချောင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း (ခ) ကိုးချောင်းကို ပုဂံပြည် ဘီလူးတပ် (Bagan Ogre Force) မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

“ကိုးချောင်းက ငါ့သရောက်မြို့ ရဲစခန်းကို PDF တပ်ဖွဲ့တွေ ဝင် သိမ်းပြီးနောက် မိုက်တဲ့ PDF လာခဲ့ အကုန် သတ်ပြမယ် ဆိုပြီ စစ်ခွေးတွေ အားကိုး နှင့် လူမိုက်လုပ်နေသူပါ။ ငါ့သရောက်မြို့ NLD အမာခံတွေ အသတ်ခံ ရတဲ့ အမှုတွေရဲ့ အဓိက တရားခံ ဖြစ်ပါတယ်”ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော နိုင်ချောင်း (ခ) ကိုးချောင်းသည် ညောင်ဦးမြို့နယ် NLD ခရိုင် ဒုဥက္ကဠ ဦးကျော်ဝင်းနှင့် ညောင်ဦး NLD ပါတီမှ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဦးဇော်ကြီးအား သတ်ဖြတ်ခဲ့သည့် အမှုတွင် အဓိကပါဝင်သူ ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article