31 C
Yangon

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး

Must read

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူမြို့ နယ်၊ ဂန့်ဂေါမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အရာတော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီး မြောက်ရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံး ခဲ့ကြောင်း တောင်သာ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မင်းရွာကြီးရွာကို အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်သားများအား PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အနီးကပ်တိုက်ပွဲ ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

“ခွေးအခြေအနေသိဖို့ ကင်းထောက်လိုက်တဲ့အချိန် ကိုယ့်ရှေ့မှာ ရောက် နေတာ ကို ချက်ချင်းသိပြီး နေရာ ယူနိုင်လို့သာ အထိအခိုက် မရှိခဲ့တာ၊ ကိုယ်က အရင် ပစ် ရ တာမို့ သူတို့ဘက်က ၅ မိနစ် လောက် ပြန် မပစ်နိုင်ဘူး၊ ၅ မိနစ်ကျော် လောက် မှ နောက်စစ်ကြောင်းကနေ စက်ကလေးနဲ့ ကူပစ် ပေးတာ၊ ကူပစ် ပေး နေပေမယ့် ကိုယ့်ဘက်က လူတွေကလည်း ပစ်နေတာပဲ၊ ပစ်လို့ထိနေ လည်း ထိနေတာ သိသိနဲ့ကို ခွေးတွေက အတင်းတက်လာနေတာ၊ မူးယစ် ဆေး တွေ သုံးထားတဲ့သဘောပဲ၊ ပစ်လို့မှန် နေတာလည်း သိတယ်။ ထိနေတာလည်း သိတယ်၊ သိသိကြီးနဲ့ကို အတင်းတက်လာနေတာ” ဟု တောင်သာ PDF တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်၏ နောက်တန်းပစ်ကူနှင့်အတူ စစ်သား အများအပြားက ဝိုင်းဝန်း လာသော ကြောင့် သေနတ်များ ကောက်ချိန်မရဘဲ ပြန်လည်ဆုတ်ခွာ ခဲ့ရ ကြောင်း၊ ထိုသို့ပြန်လည်ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်သား အများ အပြားက လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People Defense Force – TaungTha (တောင်သာ PDF) ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ နှင့် People Revolution Force Kyaukse (PRFK) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်အကြမ်းဖက် စစ်သား များသည် အရာတော်မြို့နယ်၊ သခွက်ပင်ရွာ၊ လယ်တောရွာ၊ နမသင်း ရွာတို့ကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပခုက္ကူတွင် ကင်းလှည့် စစ်ကြောင်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

===================================

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းတွင် ကင်းလှည့်နေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း ပခုက္ကူမြို့သားတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ပခုက္ကူမြို့၊ မြို့ရှောင် လမ်း တစ် နေရာတွင် ကင်းလှည့်ပြီး ပြန်လာသည့် စစ်သားများကို ပခုက္ကူမြို့ပြ ပျောက် ကျား တပ်ဖွဲ့တစ်ခုဖြစ်သည့် Special Guerrilla Force (SGF-Pakikku) တပ်ဖွဲ့ က ၄၀ မမ ဗုံးသီး ၄ လုံးဖြင့်လည်းကောင်း၊ လက်နက် ငယ်များဖြင့် လည်း ကောင်း မိနစ်အနည်းငယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား ၂ ဦးသေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ပစ်ခတ်သံတွေကြားတယ်၊ ဆက်တိုက်ပဲ၊ စစ်သား ၂ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရတယ်လို့ သိရ တယ်။ ပခုက္ကူ တက္ကသိုလ်နဲ့ ကပ်လို့၊ တက္က သိုလ် မှာလည်း စစ်တပ်က တပ်စွဲထား တယ်၊ ဒီနေ့လည်း ဆိုင်ကယ်တွေနဲ့ ကင်း ပတ် ပြီး မူးရူး ဆဲဆို နေကြတာ၊ သေနတ်ပစ်သံတွေလည်းကြား ရတယ်” ဟု ပခုက္ကူ မြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း Special Guerrilla Force (SGF-Pakikku) တပ်ဖွဲ့ မှ ရဲဘော်တစ်ဦး ပေါင်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်

=========================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့ရှောင်လမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက် ခိုက် ခဲ့ပြီး စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ရွှေဘိုမြို့ တွင်းမှ မြို့ရှောင်လမ်းအတိုင်း ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ၆ ဘီးကား တစ်စီးနှင့် ၁၂ ဘီးကားတစ်စီးကို ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ ၆ ဘီးကားတစ်စီးမှာ နေရာတွင်ပင် မောင်းမရအောင် ပျက်စီး သွားကြောင်း၊ ၁၂ ဘီးကား မှာ အရှိန်မလျော့ဘဲ မောင်းပြေးသွား ကြောင်း ၊စစ်သားများ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရ သေး ကြောင်း သိရသည်။

စစ်ယာဉ်တန်းကို မိုင်းဆွဲရန် စီစဉ်နေစဉ် ရွှေဘိုမြို့ ကညနရုံးအတွင်းမှ ထွက် လာ သော စစ်ကြောင်းနှင့်လည်း ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုများကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ တာနောယက္ခပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပ.က.ဖ) ၊ အောင်မော် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာ ကွယ် ရေးအဖွဲ့(ပ.က.ဖ)တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါ၊ ကန်ရွာ ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

===================================

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ လက် နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူး-စကု ပကဖ အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ ကန်ရွာ ရဲစခန်း ကို ဒေသ ကာကွယ် ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး အလုံး ၃၀ မီးလောင်ဗုံး ၅ လုံး သုံးပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ ပါ တယ်။ ရဲစခန်းထဲက စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမယ့် ရဲဘော် တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” မင်းဘူး-စကု ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို မင်းဘူး-စကု ပ.က.ဖ နှင့် ဒေသကာကွယ်ရေးအဖွဲ့-လင်းယုန်၊ မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်သားများ ထိ ခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article