40.9 C
Yangon

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Must read

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ သရက်၊ မင်းတုန်း၊ မင်း လှ နှင့် ရေစကြို မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း MOD နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မုံရွာမြို့ပေါ်တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး

=================================

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကညနရုံး နှင့် လဝကရုံးဟောင်းတို့ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force – Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် မုံရွာမြို့အဝင် ကားကြီး ကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ ကညနရုံးတွင် အင်အား ၁၅ ဦးဖြင့် တပ်စွဲထားသော စစ်တပ်ကို ၄၀ မမ ဗုံးသီး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ် သား ၂ ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ကညနကို မနက် ၄ နာရီလောက်မှာ ၇ လုံးပစ်ခဲ့တာ၊ ခွေးနှစ်ကောင်သေတယ်၊ အဲဒီမှာ ခွေး ၁၅ ကောင် ရှိ တယ်၊ မအူဂိတ်နဲ့ ကညနရုံးက နီးတဲ့အတွက် အဲဒီ ဂိတ် ကနေ ၆၀ မမ တွေနဲ့ပြန်ပစ်တယ်၊ ကညန က လည်း ၄၀ မမ နဲ့ပြန်ပစ် တယ်၊ အိမ်အနည်းငယ်ထိခိုက်တာတွေရှိပါတယ်၊ ပြည်သူတွေတော့ ထိခိုက် တာ မရှိပါဘူး” ဟု Golden Eagle Force – Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက် ည ၈ နာရီခန့်က မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းနှင့် အမြင့် လမ်းထိပ်ရှိ လဝက ရုံး ဟောင်းတွင် အင်အား ၇ ဦးဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၄၀ မမ လောင်ချာဖြင့် ဗုံးသီး ၅ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှု မရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force – Monywa၊ Springs Dove ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ 5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်

====================================

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ပခုံးထမ်းလောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်သား များကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှ့င် ခွပ်ဒေါင်းနီတပ်ဖွဲ့ (YSO) တို့ပူးပေါင်းကာ တာဝေးပစ် ပခုံးထမ်းလောင် ချာဖြင့် သွားရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ကို တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ သိရှိရသည်ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်းရှိ မြို့နယ် ၄ ခုတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ က တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

======================================

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ် တို့တွင် တစ်ရက်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာန ထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်က မင်းရွာရဲ ကင်း စခန်းသို့ ရောက်ရှိနေသော အင်အား ၁၂၀ ခန့်ရှိ ဂန့်ဂေါမြို့ ခလရ ၅၀ အကြမ်းဖက် စစ်ကြောင်းကို မင်းရွာတောင်ဘက် အရောက် ပြည်သူ့ ကာကွယ် ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ်တပ်ရင်း – ၁ ၊ တင်ရင်း – ၅၊ တပ်ရင်း – ၇၊ တပ်ရင်း – ၁၁၊ တပ်ရင်း – ၁၂၊ တပ်ရင်း – ၁၄ မှ တပ်ဖွဲ့ဝင် ၁၈ ဦးခန့်က ဒရုန်း ဖြင့် ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။

သရက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီခန့်က ဆင်ကော် ရဲစခန်း ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်(သရက်ခရိုင်) တပ်ရင်း ၄ – Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ၄၀ မမဖြင့် ၃ ချက် ပစ်ခက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းဝန်းအတွင်းသို့ ဗုံးသီး ၂ လုံး ကျ‌ရောက် ပေါက် ကွဲခဲ့ ပြီး ရဲတပ်သား ၃ ဦး သေဆုံးကာ တပ်စခန်းတချို့ မီးလောင်ပြာကျခဲ့ သည် ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆိုပါ ဆင်ကော်ရဲစခန်းကို စစ်ကူပေးရန် ထွက်လာ သည့် သရက်မြို့အခြေပြု အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှ အကြမ်းဖက်စစ်သား ၂၅ ဦးခန့်ပါ Light Truck ကား ၁ စီးကို တွင်းလယ်ရွာ နှင့် ပုဏ္ဏားရွာအကြား လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံး တိမ်း မှောက်သွားပြီး အကြမ်း ဖက်စစ်သား ၆ ဦးနေရာမှာပင်သေဆုံးပြီး ၁၀ ဦးနှင့် အထက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၈ နာရီခွဲခန့်က ပုသိမ် – မုံရွာ လမ်းပိုင်း မင်းတုန်း မြို့အဝင် အကြမ်းဖက်စစ်တပ် ၅ မိုင်စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (သရက်ခရိုင်) တပ်ရင်း ၄ – Eagle Force နှင့် မိုးကြိုးပြောက်ကျား တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်အချိန် အကြမ်းဖက် စစ်ဆေးရေးဂိတ်အနီးမှ ထွက်လာသော အင်အား ၈၀ ခန့် လိုက်ပါ လာ သည့် အကြမ်းဖက်စစ်ကားအကြီး ၅ စီးကို မီးလောင်ကုန်းရွာ အနောက် ဘက် ၂ မိုင်ခန့်အကွာ၌ မင်းလှမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – (မင်းလှ ပကဖ) ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ACDF – အရှိုချင်း တိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆွဲ စီးနင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန၊ အမှတ် ၁ စစ်ဒေသ ၏ သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးမှူးများမှ စီမံ ကွပ်ကဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များမှ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article