34 C
Yangon

စစ်ကိုင်း၊ ရွာသစ်ကြီးရှိ သက်တော်ရ ဘုန်းကြီးကျောင်းကို ဝင်စီးပြီး သံဃာ ၁ ပါး နှင့်ရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ဘုန်းကြီး ကျောင်း ပိုင် ကားကို စစ်တပ်က လုယူသွား၊ ခင်ဦးတွင် လွှတ်တော်အမတ် ဇနီး၊ သမီး အပါအဝင် စစ် တပ် ဖမ်းဆီးခံရသူ လူ ၁၀ ဦး သတင်းမရဘဲ ပျောက်ဆုံးနေ

Must read

စစ်ကိုင်း၊ ရွာသစ်ကြီးရှိ သက်တော်ရ ဘုန်းကြီးကျောင်းကို ဝင်စီးပြီး သံဃာ ၁ ပါး နှင့်ရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ဘုန်းကြီး ကျောင်း ပိုင် ကားကို စစ်တပ်က လုယူသွား၊ ခင်ဦးတွင် လွှတ်တော်အမတ် ဇနီး၊ သမီး အပါအဝင် စစ် တပ် ဖမ်းဆီးခံရသူ လူ ၁၀ ဦး သတင်းမရဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရှိ သက်တော်ရ ဘုန်းကြီးကျောင်း ကို ဝင်စီးပြီး သံဃာတော် ၁ ပါးနှင့်ရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ဘုန်းကြီး ကျောင်းပိုင် ကားကို စစ်တပ်က လုယူသွားကြောင်း စစ်ကိုင်းမြို့ နယ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရကနေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး ကျေးရွာ ရှိ သက်တော်ရ ဘုန်းကြီးကျောင်းကို စစ်ကိုင်း တပ်မ ၃၃ မှ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ပြည်တော်သာကျေး ရွာ အုပ်ချုပ်ရေးမှူး မောင် မောင် စိုး၏ လမ်းပြမှုဖြင့် သက်တော်ရ ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီး ၁ ပါး နှင့် ဝေယျာဝစ္စပြုလုပ်သူ ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ကြကြောင်း၊ သက် တော် ရ ဘုန်းကြီးကျောင်းပိုင် ကားကိုလည်း လုယူသိမ်းဆည်းသွားကြောင်း သိရှိရသည်။

မည်သည့်အတွက်ကြောင့် သက်တော်ရ ဘုန်းကြီးကျောင်းမှ သံဃာတော်နှင့် ပြည်သူ များကို ဖမ်းဆီးသွားသည်ကို မသိရှိရသော်လည်း စစ်ဘေးရှောင် ပြည် သူ များကို လက်ခံမှုနှင့် ဒလန်၏ သတင်းပေး တိုင်ကြား မှုကြောင့် ဖမ်းဆီး ခြင်းဖြစ် နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ခင်ဦးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သော NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်၏ ဇနီး ဒေါ်နီလာနှင့် သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ သတင်းအစအန ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင်ပင် ဂန္တ၀င်တောက်ကြီးလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော လူငယ် ၄ ဦးနှင့်ဗလီကွေ့အနီးမှ အမျိုးသမီး ၁ ဦးနှင့်ကလေးငယ် ၃ ဦးစုစုပေါင်း ၈ ဦးကိုလည်း စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း၊ လက်ရှိအချိန် အဆိုပါ ပြည်သူ ၈ ဦး၏ သတင်းမှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

“အဖမ်းခံရတဲ့ ပြည်သူတွေအားလုံးက ဘာသတင်းမှ မကြားရဘူး။ စစ်ကြောရေးမှာ နှိပ်စက်ခံနေရလား၊ ဘယ်လိုအခြေအနေရှိလဲလည်း မသိရသေးဘူး” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သော စစ်ကိုင်းမြို့နယ်၊ သက်တော်ရ ဘုန်းကြီးကျောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article