30 C
Yangon

စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ ပြင်းထန်လာပြီး လက်နက်ခဲယမ်း ကုန်ကျ စရိတ်များလာ၍ ပြည်သူများ ကူညီကြရန် Myingyan Black Tiger PDF တပ်ဖွဲ့က မေတ္တာရပ်ခံ

Must read

စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ ပြင်းထန်လာပြီး လက်နက်ခဲယမ်း ကုန်ကျ စရိတ်များလာ၍ ပြည်သူများ ကူညီကြရန် Myingyan Black Tiger PDF တပ်ဖွဲ့က မေတ္တာရပ်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသော Myingyan Black Tiger အဖွဲ့အနေဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း၊ တပ်ဖွဲ့ဝင်များ များပြားလာခြင်းတို့ကြောင့် ကုန်ကျစရိတ်များ ပြားလာသဖြင့် ပြည်သူများ ကူညီပေးကြပါရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တစ်လလျှင်အနည်းဆုံး တိုက်ပွဲ ၅ ပွဲခန့်ဖော်ဆောင်လျက်ရှိပြီး အသေးစားတိုက် ပွဲတွင် သိန်း ၄၀ နီးပါးကုန်ကျ ကြောင်း၊ တပ်ဖွဲ့ဝင်အား ၁၃၀ ခန့်ရှိပြီး တစ်လလျှင် စားစရိတ် သိန်း ၈၀ ခန့်ကုန်ကျကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး ကိုလည်း လက် လုပ်သေနတ်များသာ တပ်ဆင်ထားနိုင်ပြီး သေနတ်အစစ်မရှိသေးကြောင်း၊ တိုက်ပွဲဖော်ဆောင် မည်ဆိုပါက မဟာမိတ်တပ်ဖွဲ့များထံမှ ငှားရမ်းပြီး လက်လုပ်သေနတ်များနှင့်တွဲဖက်ကာ တိုက်ခိုက်နေရ ကြောင်း သိရသည်။

“ကျနော်တို့က Local အဖွဲ့အစည်းဖြစ်နေတဲ့အတွက် NUG ရဲ့အကူအညီလဲ မရဖူး၊ ရှိတဲ့လက်လုပ်တွေ နဲ့ တိုက် နေကြရတာ၊ အခုချိန်အထိလဲ သေနတ်အစစစ်တစ်လက်မှ မရှိသေးပါဘူး။ အခုဆိုရင် ကုန်ကျစရိတ်တွေက အစစ အရာရာတက်နေတော့ ဆက်လက်ရပ်တည်ဖို့က အတော်ကိုခက်ခဲနေပြီ။ ကျည်အင် အား လည်းအရမ်းနည်းနေပြီ၊ ဒါကြောင့် ဆက်လက်ရပ်တည်ဖို့နဲ့ ဆက်လက်တိုက်ပွဲဖော်ဆောင်နိုင်ဖို့ မေတ္တာရပ်ခံရတာပါ” ဟု Myingyan Balck Tiger တပ်ဖွဲ့ ခေါင်းဆောင် ကိုမိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် https://web.facebook.com/profile.php?id=100083010655237 ကူညီပေးကြ ပါရန် တောင်းဆိုထားသည်။

Myingyan Balck Tiger တပ်ဖွဲ့သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းတို့ရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မုံရွာမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း မြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင် စီတပ်သားများကို တိုက်ခိုက်ချေမှုန်းလျက်ရှိသည်မှာ တစ်နှစ်ကျော်ရှိပြီး စစ် သား အများ အပြားသေဆုံးထိခိုက်သည်အထိ တိုက်ခိုက်နေသော တပ်ဖွဲ့ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article