34 C
Yangon

“စစ်ကောင်စီတပ်သားတွေ ခိုးသေနေကြတာလား”

Must read

(တော်လှန်ရင်း Troll ကြမယ်)

“စစ်ကောင်စီတပ်သားတွေ ခိုးသေနေကြတာလား”

(တော်လှန်ရင်း Troll ကြမယ်)

=============================

အကြမ်းဖက် စစ်ကောင်စီက အမြဲတမ်း ထုတ်ပြန်ပြောဆိုနေတာက အာဏာ သိမ်း ၂ နှစ်တာ ကာလအတွင်း သူတို့ စစ်သားတွေ သေဆုံးထိခိုက်မှု မရှိဘူးဆိုတာပါပဲ။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဇော်မင်းထွန်း(ခေါ်) ဇော်မဲလုံးရဲ့ ပါးစပ်ထဲမှာ စစ် သားတွေ ဘယ်တော့မှ မသေပေမယ့် မြေပြင်ပေါ်မှာတော့ အတုံးအရုန်းသေနေတာပါပဲ။ ဇော်မဲလုံးက သူတို့ စစ်သားတွေ မသေဘူးလို့ အမြဲငြင်းနေပေမယ့်လည်း မြေပြင်မှာ သေနေကြတဲ့ စစ်ကောင်စီ တပ်သားတွေအလောင်းတွေကတော့ ပုံနေပါပြီ။

အဲဒီတော့ စစ်ကောင်စီတပ်သားတွေက ခိုးသေနေကြတာလား မေးခွန်း ထုတ်စရာဖြစ်လာလို့ ဒီတစ်ပတ်ရဲ့ “တော်လှန်ရင်း Troll ကြမယ်” ကဏ္ဍအတွက် Troll လေးဖော်ပြလိုက်ပါတယ်။ ဒီတစ်ပတ် Troll ရဲ့လက်ရာ ပိုင်ရှင်ကတော့ ကာတွန်းနာနတ်သီးဖြစ်ပါတယ်။

Khit Thit Media အနေနဲ့ စစ်အာဏာရှင်တွေ ပြောဆို ထုတ်ပြန်နေတဲ့ အချက် အလက်အမှားတွေ၊ ဝါဒဖြန့်မှုတွေကို တန်ပြန်နိုင်မယ့် “တော်လှန်ရင်း Troll မယ်” ကဏ္ဍကို ဖွင့်လှစ်လိုက်ပါတယ်။

ဒီကဏ္ဍမှာ စစ်တပ် ရဲ့ ဝါဒဖြန့်မှုတွေ၊ အချက်အလက်အမှားတွေ၊ စွပ်စွဲပြောဆိုမှုတွေကို အချက်အလက်အမှန်၊ ပကတိမြေပြင် အခြေအနေ ကိန်းဂဏန်းတွေနဲ့ ဖော်ပြ Troll သွားမှာဖြစ်ပြီး အပတ်စဉ် တင်ဆက်သွားမှာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article