40.9 C
Yangon

စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်နီးပါး ကြာမြင့်နေပြီး လက်နက်ခဲယမ်း ကူညီကြရန် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံ

Must read

စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်နီးပါး ကြာမြင့်နေပြီး လက်နက်ခဲယမ်း ကူညီကြရန် ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံ

▪️စစ်ကောင်စီဘက်မှ ၃၀ ကျော် ထိခိုက်သေဆုံးမှုရှိနေပြီး PDF များဘက်မှ ၁၄ ဦး ဒဏ်ရာရထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီ၏ ထီးကပလယ် တပ်စခန်းကို သိမ်းယူနိုင်ရေး တိုက်ပွဲ ၈ ရက်ကျော် ကြာမြင့်နေပြီး လက်နက်ခဲယမ်း လိုအပ်ချက်များကို ကူညီကြရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံး ပြည်သူများကို မေတ္တာ ရပ်ခံလိုက်သည်။

ရန်ကုန်ခေတ်သစ်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ ထီးကပလယ် စစ်စခန်းကို ကော်သူလေး တပ်မတော်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် အပါအဝင် ပူးပေါင်း စစ်ကြောင်းများက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က တိုက်ပွဲကာလအတွင်း ၃၀ ကျော်၊ ၄၀ နီးပါး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ ထီးကပလယ်စခန်းမှာတော့ ဒရုန်းနဲ့ သွားကျဲတာ၊ စနိုက်ပါနဲ့ ပစ်တာကတော့ သူတို့ ဘက်မှာတော့ ဒဏ်ရာရနဲ့ အကျအဆုံးကတော့ ၃၀ ကျော်ကျော် ၄၀ လောက် နီးပါးရှိ မယ်ထင် တယ်။ ကျနော်တို့ ပြည်သူကာကွယ်ရေးရဲဘော် ၁၄ ယောက် ဒဏ်ရာနည်းနည်းပါးပါးရတယ်ပေါ့နော်။ ဥပမာ မိုင်းထိတာ ၂ ယောက် ၊ ခြေထောက်ကို ဖြတ်ရတယ် ။ ကျန်တဲ့ လူတွေကတော့ နည်းနည်းပါးပါးပဲ သိပ်ပြီးတော့ မပြင်းထန်ဘူးပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံးက ပြောဆိုသည်။

လက်ရှိအချိန် တိုက်ပွဲကာလ ရှည်ကြာလာပြီး လက်နက်ခဲယမ်း လိုအပ်ချက်အတွက် ပြည်သူများ ကူညီပေးကြရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးက ပြောဆိုသည်။

“ဒီပွဲကတော့ ကျွန်တော်တို့ကတော့ အားလုံးပူးပေါင်းပွဲဆိုတော့ အင်အားလည်း အတော်များတယ်ပေါ့နော်။ ဥပမာ ဆေးတွေ ရိက္ခာတွေ ကျည်ဆန်တွေ လက် နက်တွေပေါ့။ အဲဒါ လိုအပ်တယ်ပေါ့။ များများလိုအပ်တယ်ပေါ့။ ကျွန် တော် တို့လည်း ဥပမာ ဒရုန်း။ ဒရုန်းတွေပေါ့၊ ဗုံးသီးတွေ ပြန်လုပ်ဖို့။ အဲဒါလိုအပ်တယ်။ ပြည်သူတွေအနေနဲ့ ဒါတွေကို လှူဒါန်းချင်ရင် ကျနော့် ဖုန်းနံပါတ်ကိုလည်း ယူသွားရတယ်။ ကျနော့် ဘဏ်နံပါတ်ကို ယူသွား။ ကျနော်တို့က စာရင်းတွေ ဂုဏ်ပြုမှတ်တမ်းတွေ၊ ဒီအလှူငွေရောက်လာ ကျွန်တော်တို့ ဘာဝယ်လဲ ဘယ်လိုသုံးထားလဲ့ အားလုံးအပြီး ပြန်ပေးမယ် ခင်ဗျ” ဟု ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် ဆင်ဖြူစစ်ကြောင်းကို လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ လှူဒါန်းလိုပါက https://www.facebook.com/profile.php?id=100087336592252… မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့ KNDO က ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဝေါလေနှင့် ထီးကပလယ် လမ်းပိုင်းကို အရပ်သားအဖွဲ့အစည်း မည်သည့်ကား၊ ဆိုင်ကယ် မဆို လုံးဝ ဖြတ်သန်း သွားလာခွင့်မပြုကြောင်း၊ သတိ ပေး ထုတ်ပြန်ထားသည့် နေ့မှစ၍ တိုက်ပွဲပြီးဆုံးသည့် အချိန်အထိ မည့်သည့် အကြောင်း ကိစ္စမဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုး ဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်း KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) စစ်ဦးစီးချုပ် ဗိုလ် ချုပ် စောနယ်ဒါးမြနှင့်အတူ တွေ့ရသည့် ဒုတိယဗိုလ်မှူးကြီး ဗိုလ်စောစလုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article