28 C
Yangon

စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ပျံတက်မှု သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို NUG ဖိတ်ခေါ်

Must read

စစ်ကောင်စီ၏ ရဟတ်ယာဉ်၊ တိုက်လေယာဉ်ပျံတက်မှု သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို NUG ဖိတ်ခေါ်

▪️https://t.me/MASurveillance24 ထံသို့ သတင်းများ အချိန်နှင့်တပြေးညီ ပေးပို့နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ၊ လေယာဉ်ပျံတက်မှုဆိုင်ရာ သတင်းများ ပေးပို့မည့် လေကြောင်းကင်းထောက်များကို အမျိုးသားညီ ညွတ်ရေး အစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပြီး သတင်းများကို https://t.me/MASurveillance24 တယ်လီဂရမ်ထံသို့ အချိန်နှင့်တပြေးညီ ပေးပို့နိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ် ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်း ပေးပို့ရန် လိုအပ်ကြောင်း NUG က ကြေညာ အသိပေးထားသည်။

ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူလူထု၏အားဖြင့် ကာကွယ်ရန် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် တယ်လီဂရမ် စာမျက်နှာ

https://t.me/MASurveillance24 သို့ သတင်းများ အချိန်နှင့် တပြေးညီ ပေးပို့ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article