28 C
Yangon

စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော်ခဲ့သူ ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အလှူခံ

Must read

စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို သတ်ဖြတ်ရန် လှုံ့ဆော်ခဲ့သူ ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အလှူခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ကလေးမြို့တွင် PDF တပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ စစ်တပ်အမာခံ ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင်အတွက် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများထံမှ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အလှူခံလျက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို PDF က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ကြီးဟောင်း ငွေဇင်သည် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူများကို သတ်ဖြတ်ရန်အတွက် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ခဲ့သူလည်းဖြစ်သည်။

ဗိုလ်ကြီးဟောင်း ငွေဇင်သည် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင် စစ်တပ်က သယံ ဇာတ နှင့် သဘာ၀ ပတ်ဝန်း ကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသို့ ဦးစီးအရာရှိ အဖြစ် ပြောင်းရွှေ့စေခဲ့သော စစ်တပ် အရာရှိ ၁၀ ဦးအနက်မှ ၁ ဦးအပါ အဝင် ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article