33 C
Yangon

ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

Must read

ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာရှိ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း D.N.D.F Wetlet အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Doung Ni Defence Force တပ်ခွဲ ၄ နှင့်အတူ ဗိုလ်ကျားကြီးအဖွဲ့၊ ဗိုလ်တောက်တဲ့အဖွဲ့၊ ဒေါင်းအိုးဝေအဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း D.N.D.F Wetlet အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article