37 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော် ၅ ဦးနှင့် ပြည်သူ ၂ ဦးကျဆုံး

Must read

ဆားလင်းကြီးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော် ၅ ဦးနှင့် ပြည်သူ ၂ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာအနီးတွင် အကြမ်းဖက် စစ်တပ်က PDF ရဲဘော် ၅ ဦးနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာကို မီးရှို့ရန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျားတက် အုပ်တိုက်ကန်နှင့် ဆည်ဘောင် အကြားတွင် ယင်းမာပင် ခရိုင်အမှတ် ၁၀ တပ်ရင်း ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ရဲဘော်များမှ ရှေ့ထွက်​မိုင်းများဖြင့် တိုက်ခိုက်ရန် သွားရောက်စဥ် စစ်တပ် ကင်းပုန်းနှင့် ထိပ်တိုက်တွေ့ဆုံမိပြီး PDF ရဲဘော် ၄ ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ ၁ ဦးတို့ ကျဆုံးကာ စစ်သားများက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

” PDF ရဲဘော် ၄ ဦး၊ ရပ်ကျေး ကာကွယ်ရေး ၁ ဦးနဲ့ အရပ်သား ၂ ဦးကျဆုံးတယ်။ စစ်ခွေးတွေက အရပ်သားပြည်သူ ၂ ဦးကို နှိပ်စက် သတ်ဖြတ်သွားပါတယ်။ ကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးလည်း မီးရှို့ဖျက်ဆီးခံရတယ်။ အနီးနားမှာ ရှိတဲ့ ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article