32 C
Yangon

ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

Must read

ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ပြီး ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော် တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

“နွေဦးတော်လှန်ရေးကို ပြည်လည်အသက်သွင်းသည့်အနေနဲ့ဖော်ဆောင်ခဲ့တာပါ။ အရင်လို နွေဦးအစမှာလူထုတွေစုစုစည်းစည်းနဲ့သပိတ်တွေ ပြန်လည်ထွက်ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။အညာကလူထုတွေဘယ်လောက်ညီကြတယ် အာဏာရှင်ကိုအလိုမရွိကြောင်း ပြသခဲ့ခြင်းဖြစ်ပါတယ်။ကျနော်တို့အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေကို ကူညီထောက်ပံ့မှုတွေလည်းဆက်လက်ဖော်ဆောင်နေပါတယ်။ပြည်သူလူထုတွေသွေးမအေးသွားစေဖို့ သပိတ်တွေဖော်ဆောင်ဖို့လည်းရှိပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article