36 C
Yangon

ဆားလင်းကြီး၊ ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံ

Must read

ဆားလင်းကြီး၊ ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင် ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း National Revolution Guard မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်က ဝမ်ပေါင်ခြံစည်းရိုးတွင် တပ်စွဲထားသော အင်အား ၁၅ ဦးခန့်ရှိ အ ကြမ်းဖက် စစ်သားများကို National Revolution Guard တပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေ ဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၂၁ နှစ်အရွယ် ရဲဘော် မိုးမင်းထက်(ခ)ဖာလန် ထိခိုက် ဒဏ်ရာ ရရှိပြီး ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းက ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၃ ရက်နေ့ တိုက်ပွဲမှာ ရဲဘော်မိုးမင်းထက် ထိပြီး ၁၄ ရက်နေ့ ညနေမှာ ကျသွားတာ၊ မနေ့က ဖေဖော် ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ မီးသင်္ဂြိုလ်တယ်၊ အဲဒီနေ့က ပစ်ခတ်မှုမှာ စစ်ခွေးဘက်က တစ်ကောင်သေတယ်၊ ၂ ကောင်ဒဏ်ရာရတယ်၊ ကိုယ့်ဘက်ကလည်း တစ်ယောက်ကျတယ်၊ နှစ်ယောက် ဒဏ်ရာ ရတယ်၊ အဲဒါကိုမကျေနပ်လို့ ရဲဘော်တစ်ချို့က ထပ်သွားပစ်တာ စစ်ခွေးတစ်ကောင်ထပ်သေတယ်” ဟု National Revolution Guard မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တော်လှန်ရေး တိုက်ပွဲအတွင်း ပါ၀င်တိုက်ပွဲ၀င်နေသော အမျိုးသားတော်လှန်ရေးပြောက်ကြား တပ်ရင်း (National Revolutionary Guards (NRG-PDF/Salingyi) မှ ရဲဘော် မိုးမင်းထက် (ခ) ဖာလန်၏ မြင့် မြတ်သောစွန့်လွှတ်ပေးဆက်မှုကို အစဉ်လေးစားဦးညွှတ်ပါကြောင်း၊ မပြီးဆုံးသေးသော တော်လှန်ရေး တိုက်ပွဲကို ကျန်ရှိနေသော ရဲဘော်အားလုံးက ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း National Revolutionary Guards ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article