31 C
Yangon

ဆိပ်ဖြူမြို့နယ်နှင့် ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိများ အပါအဝင် ၂၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးဟုဆို

Must read

ဆိပ်ဖြူမြို့နယ်နှင့် ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိများ အပါအဝင် ၂၅ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး၊ အရာခံအကြပ် တပ်သားများအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း တပ်ရင်း ၇၁၂ -ပြည်သူ့စွမ်းအားတပ်ပေါင်းစု -PPC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မုံရွာ-ပုသိမ်လမ်းအတိုင်း ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ကားအကြီး ၂ စီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် လမ်းတွင် ကားများ ရပ်တန့် ကာ ကျေးရွာတစ်ရွာသို့ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် အဆိုပါကျေးရွာမှ ကားအကြီး တစ်စီး၊ ဟိုင်းလတ် အဖြူရောင်ယာဉ်တစ်စီး ဖြင့် ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲ ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး ၄၀ လောက်ပါတဲ့ကားကို မိုင်း ၉ လုံးဆွဲခဲ့တာ၊ ပြီးတော့ အပြန်အလှန် တိုက်ပွဲဖြစ်တာ ၃၅ မိနစ် လောက်ကြာတယ်၊ ၅ မိနစ်လောက်ကြာတော့ အသင့်စောင့်နေတဲ့စစ်ခွေးတွေပါ ထပ်တိုးလာတာ၊ အင် အား ၈၀ ကျော်လောက်ဖြစ်တော့ ပြန်ဆုတ်လာတဲ့အချိန် ကျနော်တို့ဘက်က ဒုတပ်စိပ်မှူးတစ်ဦးကျခဲ့ တာပါ” ဟု တပ်ရင်း ၇၁၂ -ပြည်သူ့စွမ်းအားတပ်ပေါင်းစု -PPC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံ သို့ပြောကြားသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ် ၁ ဦး၊ အရာခံဗိုလ်၁ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒု တပ် ကြပ်၂ ဦး အပါဝင် စုစုပေါင်း ၂၀ ကျော်သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပြည်သူ့စွမ်းအားတပ် ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း)မှ ဒုတပ်စိတ်မှူးတစ်ဦး နိုင်ငံနှင့်ပြည်သူအတွက် အသက်ပေးလှူခဲ့ရပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် ပွင့်ဖြူ PDF စစ်ကူပေးခဲ့ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက တာဝေးပစ် လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

” ဘုတလင် ကူတော်ရွာက စစ်ခွေးတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ စစ်ခွေး ၅ ကောင်သေတယ်။ ၄ ကောင် ထိခိုက် ဒဏ်ရာရတယ်။ မြေပြင်အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်အရ သိရတယ်” Salingyi Border Task Force -SBTF အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ပ.က.ဖ)၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF (Yinmarbin)၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ၃ (Yinmarbin)၊ Eagle Defense Force-EDF (Salingyi)၊ Rainbow People Defense Force (Butalin)၊ Monywa Support Team PDF – MST PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article