35 C
Yangon

ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမရွာတွင် စစ်တပ်က ရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်သဖြင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွား

Must read

ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမရွာတွင် စစ်တပ်က ရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်သဖြင့် အမျိုးသမီး ၂ ဦး သေဆုံးပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ တောင်ရွာမရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဆိပ်ဖြူမြို့နယ် တောင်ရွာမရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၄၀ ခန့်အရွယ် ဒေါ်ရင်ရင်ကို ပစ်သတ်ခဲ့ကြောင်း၊ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦးမှာလည်း စစ်သားများက ပစ်ခတ်သော သေနတ်သံများကြားကာ နှလုံးရပ်၍ သေဆုံးသွား​ကြောင်း၊ ကျေးရွာနေ လူငယ် ၃ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

” စစ်ခွေး စစ်ကြောင်းရွာထဲဝင်လာတော့ သေနတ်တွေ ဆက်တိုက်ပစ်တာ အဲလို ပစ်နေတဲ့အချိန် ခြေမသန်တဲ့ ကျေးရွာနေ ပြည်သူ အမျိုးသမီး ဒေါ်ရင်ရင် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန် အမျိုးသမီး ၁ ဦးကတော့ အမည်မသိသေးဘူး။ စစ်ခွေးတွေ သေနတ် ဆက်တိုက်ပစ်တဲ့ အသံကြားပြီး နှလုံးရပ်ပြီး သေသွားတယ်။ လူငယ် ၃ ဦးလည်း အဖမ်းခံရ​တယ်။ အခုက တစ်ယောက်နဲ့ တစ်ယောက် အဆက်သွယ်ပြတ်နေတယ်။ ရွာထဲလည်း ပြန်ဝင်လို့ မရသေးဘူး။ အကုန်လုံး တကွဲတပြားတွေ ဖြစ်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ဆိပ်ဖြူမြို့နယ် တောင်ရွာမရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဘဲကျရွာမှ ပြည်သူ ၂ ဦးလည်း လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ကျားဘေကျေးရွာ အတွင်းကိုလည်း လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်အပိုင်းအစ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article