28 C
Yangon

ဆောမြို့နယ်တွင် စစ်တပ် စစ်ကြောင်း အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးသေဆုံး

Must read

ဆောမြို့နယ်တွင် စစ်တပ် စစ်ကြောင်း အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး စစ်သား ၂၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်ထဲမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲခြင်း၊ ပစ်ခတ်ခြင်းတို့ဖြင့် PDF တပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း ကျောက်ထု PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီ ၅၃ မိနစ်အချိန် ကျောက်ထုအမြောက်တပ်မှ စစ်ကား ၂ စီး၊ ဖောကား တစ် ၁ စီးဖြင့် ထွက်လာသော အင်အား ၁၀၈ ဦးခန့်ပါ ခလရ ၂၇၄ စစ်ကြောင်းကို ကျောက်ထုဒေသ၊ မိအယ်ကျေး ရွာ မြောက်ဘက် အရောက် ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် ၉ က ပဒေ သာမိုင်း ၄၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း၊ အလားတူ ညနေ ၄ နာရီ ၄ နာရီ ၆ မိနစ်တွင် မိအယ်ကျေးရွာနှင့် လယ်ဆောကျေးရွာအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်ခန့်အချိန် အကြမ်းဖက်စစ်ကြောင်းသည် ရွှေအောင်သာကျေးရွာတွင် ထီးလင်းပျူစောထီးစစ်ကြောင်းဖြင့် တပ်ချိန်းပြီး ကျောက်ထုဘက်သို့ စစ်ကား ၂ စီး၊ ဖောကားတစ်စီး စုစုပေါင်း အင်အား ၁၇၀ ခန့်ဖြင့် ပြန်လာစဉ် မိအယ်ကျေးရွာတောင်ဘက်အရောက် ဂန့်ဂေါခရိုင် အမှတ် ၉ ၊အမှတ် ၉ တပ်ရင်းက ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး ပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းခွဲပြီးနောက် သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ကားပေါ်သို့ သယ်ယူနေစဉ် အသင့် စောင့်နေသော တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးထိခိုက်သူများကို ကားပေါ်သို့ အမြန်တင်ဆောင်ပြီး ကျောက်ထုဘက်သို့ ပြန်သွားစဉ် ပန်းဆန်ကျေးရွာမြောက်ဘက်အ ရောက်ပဒေသာမိုင်း ၅ လုံးဖြင့်တစ်ကြိမ်၊ ကျောက်ထုမြို့အဝင် ယောချောင်းတံတားထိပ်အရောက် ပဒေ သာမိုင်း ၅ လုံးဖြင့်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article