37 C
Yangon

ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ပျက်စီး ၊ PDF နှင့် စစ်တပ်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

Must read

ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ပျက်စီး ၊ PDF နှင့် စစ်တပ်တိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ် ညောင်ပင်ကြီးရွာနှင့် ပုဇွန်ချောင်းရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ ထောင်လောင်ရွာနှင့် အင်ဝိုင်းကျောင်းရွာမှ ပြည်သူ ၃ ဦးသေဆုံးဖြစ်ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းပါ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာက ညောင်ပင်ကြီးတို့၊ ပုဇွန်ချောင်းတို့မှာဖြစ်တာ အဲတာကို ဘာမှ မဆိုင်တဲ့ ၅ ရွာ ၆ ရွာလောက်ဝေးတဲ့ ထောင်လောင်ရွာနှင့် အင်ဝိုင်းကျောင်းရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာမှာ ပြည်သူ ၃ ဦး လက်နက်ကြီးထိ သေဆုံးပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ယောက်သေတယ်လို့ သိရတယ်။ သူတို့ အသေများလို့ ဘာမှမဆိုင်တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ ထောင်လောင်ရွာက နေအိမ် ၁ လုံးကို ထိပြီး ပြည်သူ ၃ ဦးသေတယ်။ အင်ဝိုင်းကျောင်းရွာကိုလည်း လက်နက်ကြီးလှမ်းပစ်တာ ဘုန်းကြီးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article