35 C
Yangon

တနင်္သာရီ ၊အရှေ့ဘန်လောရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို စစ်တပ်က ခိုးယူ

Must read

တနင်္သာရီမြို့နယ် အရှေ့ဘန်လောရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို စစ်တပ်က ခိုးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ အရှေ့ဘန်လောရွာကို ယမန်နေ့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်၍ ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးသွားပြီး တန်ဖိုးရှိသော ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူ လုယက်သွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် စစ်တပ်က စစ်ကြောင်းက အရှေ့ဘန်လောကျေးရွာကို လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်လာပြီး နေအိမ်များကို ဖျက်ဆီးကြောင်း၊ ယင်းနောက် စစ်တပ်က ပြည်သူများနေအိမ်သို့ဖောက်ထွင်းကာ ပစ္စည်းများကို ခိုးယူကြောင်း၊ ပြည်သူပိုင်နေအိမ်များကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးသည့်အတွက် နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“တနင်္သာရီပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ စစ်ခွေးတွေ အထိနာပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်၊ ပစ္စည်းတွေ ခိုးသွားတယ်။ အိမ်က ၁၀ လုံးဝန်းကျင်။ တိုက်ပွဲက ဘန်လောရွာ အပြင်ဘက်မှာ ဖြစ်တာပါ။ ရွာသားတွေက မရှိဘူး။ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကြိုရှောင်ထားလို့ ” ဟု ဒေသခံတစ်ဦက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စစ်တပ်နှင့်တနင်္သာရီPDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာခဲ့သဖြင့် ဘန်လောကျေးရွာကို လက်နက်ကြီးများနှင့် ပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဘန်လောကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article