30 C
Yangon

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ အရာ တော်၊ နောင်ကြီးအိုင်ရဲစခန်းကို ဝင်တိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံး၊ အရာ တော်၊ နောင်ကြီးအိုင်ရဲစခန်းကို ဝင်တိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကြောင်း ကာကွယ် ရေးအဖွဲ့ များ ထံမှ သိရသည်။

တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင် စီ တပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည၇နာရီခန့်တွင် တန့်ဆည်ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ (ပကဖ) က ‌ပဒေသာမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် တန့်ဆည်မြို့နယ်၊ ခပေါင်းကြိုင်ရွာမှ မှန်ရင်းရွာဘက်သို့ စစ်ကြောင်း ထိုး လာ သော စစ်ကောင်စီတပ် ခမရ(၃၆၁)နှင့် ပျူစောထီးများကို ဖေဖော် ဝါရီ၂၂ရက် နံနက်၈နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅) TPC နှင့် တန့်ဆည် ပကဖ ပူးပေါင်းအဖွဲ့က ‌ပဒေသာမိုင်း၈လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ရာ ၅ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စစ်ကြောင်း တစ်ကြောင်းကို အင်အား၁၂၀ခန့်စီ ၂‌ကြောင်းခွဲပြီး မှန်ရင်းရွာမှာ တစ်ဖွဲ့၊ ရွာရှည်(မ)ရွာဘက်မှာတစ်ဖွဲ့ ရှိတယ်။ ‌စစ်‌ခွေးနဲ့ပျူတွေ မိုင်း ခဏခဏ ထိပြီး အထိနာနေတာ။ စစ်ဘေးရှောင်ပြည်သူတွေများတယ်။ ဝိုင်းဝန်း ကူညီ ကြပါ။” ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်တွင် အင်အား၂၅၀ခန့်ရှိသော စစ်ကောင်စီတပ်က အဖွဲ့နှစ်ဖွဲ့ ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် ရွာရှည်(မ)ရွာ၊ မယ်ဇလီကုန်းရွာ၊ ဝက်တိုးရွာ၊ ခရုတောရွာ၊ ကုန်းအိုင်ရွာ၊ ထန်းပင်ဆိပ်ရွာ၊ ဖက်သန်းကုန်းရွာ၊ ပေချောင်ရွာ၊ မှန်ကြိုင်ရွာ၊ မှန်ရင်းရွာ၊ ကန်ပေါက်ရွာ အစရှိသည့် ကျေးရွာများမှ ဒေသ ပြည် သူ ၇၀၀၀ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ် သား ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Attack Force မှ တာ ဝန် ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၃ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထား သော နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက် ခိုက် ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်တပ်သား ၂ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင်(LPDF) ၊ သံမဏိလိပ်ပြာ PDF ၊ True Arrow (LPDF)၊ Twenty Seven (LPDF) ၊ Five Stars (LPDF) ၊ ဝံပုလွေ (LPDF) နှင့်တော်လှန် ရေးအဖွဲ့ များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စစ်ရေး စွမ်းရည်ပြသမှု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article