27 C
Yangon

တံတားဦး၊ မြေငူကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် စစ်တပ်သတင်း ပေးဟု သတ်မှတ်ခံရသူ ဘပြုံးတို့ကို စစ်သား ၂ ဦးက ခေါ်ဆောင်သွားပြီးနောက် သေ နတ် ဒဏ်ရာများဖြင့် အလောင်းပြန်တွေ့

Must read

တံတားဦး၊ မြေငူကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် စစ်တပ်သတင်း ပေးဟု သတ်မှတ်ခံရသူ ဘပြုံးတို့ကို စစ်သား ၂ ဦးက ခေါ်ဆောင်သွားပြီးနောက် သေ နတ် ဒဏ်ရာများဖြင့် အလောင်းပြန်တွေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြေငူကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ဘပြုံးတို့ကို စစ်သား ၂ ဦးက ခေါ်ဆောင်သွားပြီးနောက် သေနတ်ဒဏ်ရာများဖြင့် အလောင်းပြန်တွေ့ရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၇ နာရီခွဲကျော်အချိန် စစ်သား ၂ ဦးက မြေငူရွာအုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် အစ်ကိုဖြစ်သူ ဘပြုံးတို့ကို တပယ်ကျေးရွာသို့ လိုက်ပို့ရန် ပြောဆိုပြီး ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ကျေးရွာအနောက်ဘက်တွင် အုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် အစ်ကိုဖြစ်သူ ဘပြုံးတို့ကို ပစ်ခတ် ခံရသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဒေသပြည်သူများက ပြောသည်။

“စစ်တပ်က ဆိုပြီး ခေါ်သွားတာ။ အလောင်းကိုတော့ သေနတ်ဒဏ်ရာတွေနဲ့ ပြန်တွေ့တယ်။ ရွာမှာ စစ်သား အယောင်ဆောင်တဲ့ PDF က သတ်တာဆိုပြီးတော့ အုပ်ချုပ်ရေးမှူး မိန်းမက ပြောနေတယ်။ စစ်တပ်က မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးက လိုက်သွားစရာ အကြောင်းမှ မရှိတာ။ ကြည့်ရတာ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူး ကြားမှာ အဆင်မပြေတာရှိလို့နေမယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီလော်ဘီသတင်းစာမျက်နှာများကမူ PDF က စစ်သား အယောင် ဆောင်၍ မြေငူကျေးရွာ အုပ်ချုပ်ရေးမှူး ဆန်းဝင်းနှင့် အစ်ကိုဖြစ်သူ ဘပြုံးတို့ကို သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဝါဒဖြန့် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article