26 C
Yangon

တွံတေးတွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြသူ ကို စစ်တပ်က ဖမ်းဆီးရိုက်နှက်သတ်ဖြတ်

Must read

တွံတေးတွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်ပြီး တစ်ကိုယ်တော် ဆန္ဒပြသူ ကို စစ်တပ်က ဖမ်းဆီးရိုက်နှက်သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ် တော် ဆန္ဒပြသူ အရပ်အခေါ် နာမည် မိုးဒီ( နာမည်အရင်း စုံစမ်းဆဲ) ဆိုသူကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ် ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နေ့လယ်ပိုင်း ရွှေဆံတော်ဘုရား အနီးတွင် အရပ်အခေါ် နာမည် မိုးဒီ ဆိုသူက စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြကြောင်း၊ ၎င်းကို စစ်တပ်က လူမြင်ကွင်းတွင်ပင် ထိုး ကြိတ် ဖမ်းဆီးခဲ့ပြီး သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကားပေါ်ဆွဲတင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဆန္ဒပြသူကို စစ်တပ်က လူမြင်ကွင်းမှာပင် အတင်းဖမ်းပြီး ရိုက်တယ်။ သေလုမျောပါး ဖြစ်အောင် ရိုက်နှက်တယ်။ ပြီးတော့ စစ်ကားပေါ်ဆွဲတင်ပြီး သေနတ်ဒင်တွေနဲ့ ဆက်ရိုက်တယ်။ အဲဒါ ရန်ကုန်ဆေးရုံတင်တယ်။ ဖေဖော် ဝါရီလ ၁၃ ရက်နေ့မှာ ဆုံးပါတယ်။ ဆန္ဒပြသူက သူ့ကို လိုက်ဖမ်းတော့ ရေတပ်က ခွေး ၃ ကောင်ကို လက်သီးနဲ့ ထိုးပြီး ထွက်ပြေးတာ။ ဘုရားနားကနေ စျေးကြီးနားရောက်မှ မိတာ။ မိတော့ သစ်သား ချောင်းနဲ့ စစ်သားတွေက ရိုက်တာ သစ််သားချောင်းတောင် မွ သွားတယ်။ နောက်ပြီး စစ်ကားပေါ် ဆွဲတင်ပြီး မြို့လယ်ခေါင်မှာ ဒူးထောက်ထိုင်ခိုင်းပြီး ခြေထောက်တွေနဲ့ ကန်ကြတယ်။ သူက “အမေစု နိုင်ပါစေ။ နိုင်ပြီ” ဆိုပြီး အော်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြော သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြရင်း စစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ အရပ်အခေါ် နာမည် မိုးဒီသည် တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ရန်ကုန်မြို့လယ်မှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article