31.9 C
Yangon

တွံတွေးတွင် ဓားပြတိုက်သည့် စစ်သားများက ကျေးရွာမှ ကင်းစောင့်နေသူ မစမ်းပပအောင်ကို ပစ်သတ်

Must read

တွံတွေးတွင် ဓားပြတိုက်သည့် စစ်သားများက ကျေးရွာမှ ကင်းစောင့်နေသူ မစမ်းပပအောင်ကို ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာတွင် တစ်အိမ်တစ်ဦး အ လှည့် ကျ မဖြစ်မနေ စစ်တပ်က ကင်းစောင့်ခိုင်းပြီး ကင်းစောင့်နေသူ မစမ်းပပအောင်ကို စစ်သားများက ပစ်သတ်လိုက်ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်း တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာမှ မစမ်းပပအောင်သည် တစ်အိမ်တစ်ယောက် မဖြစ်မနေ ကင်းစောင့်ရမည်ဟု စစ်တပ်က ခိုင်းစေထားသဖြင့် အိမ်တွင် ယောင်္ကျားသားမရှိသောကြောင့် ကိုယ်တိုင် ကျေး ရွာ ကင်းထွက်စောင့်ကြောင်း၊ ထိုအချိန် အိမ်တစ်အိမ်က ဓားပြဝင်တိုက် သည် ဆိုသော အော်ဟစ်သံကြားသဖြင့် ကင်းစောင့်နေသော မစမ်းပပအောင်က ဓာတ်မီးဖြင့် လိုက်ထိုး ကြည့်ရှုရာ ယူနီဖောင်းအပြည့်အစုံဖြင့် စစ်သားတစ်ဦးဖြစ်နေပြီး ယင်းစစ်သားက မစမ်းပပအောင်ကို ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ မစမ်းပပအောင်သည် မေးစေ့အောက်မှ ကျည်ဝင်ပြီး နားထင်ဖောက်ထွက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“တွံတေးမြို့နယ်မှာ အခုဆို ရပ်ကွက်တိုင်း ရွာတိုင်းမှာ ကင်းစခန်းတစ်ခုဆီ ထားရ ပါတယ်။ ရွာသားတွေ အရပ်သားတွေကိုပဲ ကင်းစောင့်ခိုင်းတာပါ။ တစ်အိမ်တစ်ယောက် အလှည့်ကျ စောင့်ရပါတယ်။ မြို့ပေါ်က လူတွေကတော့ ကိုယ်တိုင် ကိုယ်ကျ မစောင့်ကြပါဘူး။ မစောင့်တဲ့အိမ်တွေက ၅ ထောင်ကနေ ၁ သောင်းအကြား ပေးရတယ်။ စီးပွားရေး မကောင်းတာကြောင့် ငွေ ၁ သောင်းမပေးနိုင်သူတွေက ကိုယ့်ဘာသာကိုယ်ပဲ ထွက်ကင်းစောင့်ကြတယ်။ မစမ်းစမ်းပပအောင်တို့ မိသားစုမှာ ယောကျ်ားသားချင်းမရှိ၊ ငွေ ၁ သောင်းလည်း မပေးနိုင်တာကြောင့် အသက် ၂၂ အရွယ် မစမ်းပပအောင်က ကင်းစောင့်ပါတယ်။ သူကင်းစောင့်နေတုန်း အိမ်တစ်အိမ်ကို ဓားပြ ၀င်တိုက်တယ်လို့ အော်သံကြားတာနဲ့ ကင်းစောင့်နေရင်း ဓာတ်မီးနဲ့ ထိုးပြီး လိုက်ကြည့်တော့ ယူနစ်ဖောင်းပြည့်နဲ့ စစ်သားတယောက်ကို တွေ့ပါတယ်။ အဲ့စစ်သားကပဲ သူ့ကို သေနတ်နဲ့ ပစ် လိုက် တာ ကျည် ဆန်က မေးစေ့အောက်ကနေ၀င်ပြီး နားထင်ကနေ ဖောက်သွားပါတယ်။ မစမ်းပပအောင် ပွဲချင်းပြီး ဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသည့်ဖြစ်စဉ်မှာ ကဘင်ကြီးကျေးရွာမှ ဦးအောင်မောင်း၏ နေအိမ်ကို ဧည့်စာရင်းစစ်မည်ဟု ဆိုပြီး စစ်ယူနီဖောင်းဖြင့် စစ်သား ၆ ဦးက သေနတ် အတို၊ အရှည်များကိုင်ဆောင်ပြီး အိမ်ကိုတံခါးဖွင့်ခိုင်းကြောင်း၊ ယင်းနောက် ဦးအောင်မောင်း၏ သားနှစ်ဦးကို လက်ထိပ်ခတ်ပြီး ရွှေထည်များနှင့် ငွေသားသိန်း၅၀ခန့်ယူသွားကြောင်း၊ စစ်သားများ ထွက်ခွာချိန်တွင် ဓားမြဟု အိမ်ရှင်က အော်သဖြင့် ကင်းစောင့်နေသူ မစမ်းပပအောင်က ဓာတ်မီးဖြင့် ထိုးကြောင်း၊ ယင်းနောက် စစ်သားတစ်ဦးက မစမ်းပပအောင်ကို ပစ်သတ်လိုက်ပြီး စစ်သားများက စက်လှေ၂စီးဖြင့် ကရင်ချောင်း ချောင်းအတိုင်းမောင်းထွက်ပြီး ဝဲဒေါက်ချောင်းဝကနေ ကျိုက်ထော်မြို့ဘက်မောင်းထွက်သွားကြောင်း သိရှိရသည်။

ဓားပြတိုက်ဖြစ်စဉ်နှင့် စစ်သားတစ်ဦးက မစမ်းပပအောင်ကို ပစ်သတ်မှုအ တွက် စစ်တပ်ကို တိုင်ကြားသော်လည်း လာရောက်ခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ လာရောက်ပြီး အလောင်းကို တွံတေးဆေးရုံသယ်ဆောင်သွားကြောင်း သိရှိရသည်။

မစမ်းပပအောင်ကို စစ်သားက ပစ်သတ်ခြင်းဖြစ်သော်လည်း ရင်ခွဲရုံ ဆေးမှတ် တမ်းတွင် ကိုဗစ်ဖြင့် သေဆုံးသည်ဟု စစ်တပ်က ရေးခိုင်းပြီး နာရေးကိစ္စ ဆောင်ရွက်ခိုင်းကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သည့် မစမ်းပပအောင်၏ နာရေးကို ဖေဖော် ဝါရီလ ၈ ရက်နေ့ သဂြိုလ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article