33 C
Yangon

ထန်တလန်နှင့် ဟားခါးမြို့နယ်တို့တွင် ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ထန်တလန်နှင့် ဟားခါးမြို့နယ်တို့တွင် ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ မှ စစ်ကောင်စီတပ်သား ၂ ဦး သေနတ် ၂ လက်၊ ကျည် ၆၀၀ ကျော်၊ ဗုံး ၇ လုံးဖြင့် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပြီး လုံခြုံရာပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား ၂ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Hakha ထံသို့ အလင်း၀င်လာခဲ့ကြောင်း ၊ စစ်သား ၂ ဦးက MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ယူဆောင် အပ်နှံလာကြောင်း၊ ထို့ကြောင့် အလင်းဝင်လာသူ စစ်သား ၂ ဦးကို ငွေကျပ် သိန်း ၃၀ စီး ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ က ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး လက် နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း CDF–Senthangက သတင်းထုတ်ပြန်သည်။

ဟားခါးမြို့နယ်၊ ခလရ ၂၆၆ မှ စစ်သား ၂ ဦးသည် MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article