32 C
Yangon

ထန်တလန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုကို ရဲတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီး သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်

Must read

ထန်တလန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုကို ရဲတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ပြီး သိမ်းဆည်းခံရသည့် လက်နက်များမှာ ပြုပြင်ရမည့် လက်နက်များဟု စစ်တပ်က သတင်းထုတ်ပြန်လိမ်လည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ရဲတပ် ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်သည်ဟု သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး CNA-CDF ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ လက်နက် ၄၀ ကျော်နှင့် ရဲအလောင်း ၄ လောင်းကို သိမ်းဆည်းရမိကြောင်း၊ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များမှာ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။

ထိုသို့ ထန်တလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှုအပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် သာလွန်အင်အားအသုံးပြု၍ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စနစ်တကျဖြင့် ဆုတ်ခွာခဲ့ရပြီး စစ်တပ်လုံခြုံရေး တပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်ဟု သတင်းဖော်ပြသည်။

ထို့ပြင် လက်နက် ၄၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိသည့်အပေါ် စစ်တပ်က သတင်းထုတ်ပြန်ရာတွင် ပြုပြင်ရန် လိုအပ်သည့် လက် နက်ငယ်တချို့ ဆုံးရှုံးခဲ့ရသည်ဟုလည်းကောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးအပေါ်တွင်လည်း ရဲတပ် ဖွဲ့ဝင်များ ကျဆုံး ဒဏ်ရာရရှိသည်ဟုလည်းကောင်း သတင်းများကို ဖော်ပြထားကြောင်း သိရှိရသည်။

“သူ့သတင်းစာက သူတို့စစ်သားတွေအတွက် ထုတ်ပြန်တာ။ ငါတို့ အိုကေတယ်။ ငါတို့ မခံရဘူး။ ငါတို့ အောင်မြင်နေတယ်ပေါ့။ သတင်းစာမှာ သူတို့စစ် တပ်အတွက် ဝါဒဖြန့်တာ။ ပြည်သူတွေအတွက်မဟုတ်ဘူး” ဟု ပြည်တွင်းဝါရင့် သတင်းစာဆရာတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article