26 C
Yangon

ထီးလင်းတွင် PDF သတင်းထောက်လှမ်းနေသည့် စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဖမ်းမိပြီး ရုတ်တရက် ထွက်ပြေး သဖြင့် ပစ်ခတ်ရာမှ သေဆုံး

Must read

ထီးလင်းတွင် PDF သတင်းထောက်လှမ်းနေသည့် စစ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဖမ်းမိပြီး ရုတ်တရက် ထွက်ပြေး သဖြင့် ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ စစ်ဆေးရေးဂိတ်တစ်ခုတွင် “မိန်းမခိုးပြေး လာသော အရပ်သားများ” အဖြစ် ဟန်ဆောင်ထားသည့် စစ်သားနှစ်ဦးနှင့် ပျူစောထီးအမျိုးသမီးတစ်ဦး ကို ဖမ်းမိခဲ့ကြောင်း Yaw Revolution Army- ထီးလင်းထံမှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၇ နာရီခွဲခန့်က ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ (YRA -ထီး လင်း) တပ်ဖွဲ့စစ်ဆေးရေးဂိတ်တွင် လမ်းလျှောက်လာသော မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦး၊ အမျိုး သမီးတစ်ဦးကို (လက်နက်မပါ)တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရာ အမျိုးသားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်၌ အထိုင်ချပြီး ကျေးရွာများကို လှည့်ပတ်မီးရှို့ရာတွင် နာမည်ကြီးနေသော ခလရ -၅၅ တပ်မှ စစ်သားများ ဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း သိရသည်။

“မနေ့က ကျနော်တို့ရဲ့ ဂိတ်တစ်နေရာ ကုန်းကြောင်းပဲလျှောက်လာတာ၊ မိန်းမခိုးပြေးလာတာလို့ အစ ပိုင်းမှာ လိမ်တယ်၊ နှိုက်နှိုက် ချွတ်ချွတ်စစ်လိုက်တဲ့အချိန်မှာ ထီးလင်းမြို့ပေါ်က မီးရှို့တပ်လို့ နာမည် ကြီးနေတဲ့ တပ်မ ၅၅ ကတပ်သားတွေဖြစ်နေတာ၊ အမျိုသမီးကလည်းထီးလင်းမြို့ပေါ်က ပဲ ပျူစောထီး အဖွဲ့ဝင်မိန်းမတစ်ယောက်ပဲ” ဟု သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၎င်းတို့ ၃ ဦးကို တွေ့ရှိသည့်နေရာမှ အခြားနေရာ တစ်ခုသို့ ခေါ်ယူပြီး အစားအသောက် များ ကျွေး မွေးကာနိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့ကြောင်း၊ ထိုသို့ထိန်းသိမ်းထားစဉ် ရုတ်တရက် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦးစလုံးသေဆုံးသွားသည့်အတွက် ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

“ထမင်းတွေဘာတွေကျွေး၊ ပြီးတော့ မင်းတို့ထွက်မပြေးနဲ့၊ ငါတို့ကြိုးတွေဘာတွေလည်း မတုတ်ဘူး၊ အေး ဆေး နေကြဖို့ သဘောတူညီမှုယူပြီးတော့ လွှတ်ပေးထားတဲ့အချိန်မှာ ထွက်ပြေးကြတာ၊ အဲဒါနဲ့ ပစ်ခတ် ဖမ်းဆီးရင်း ကျည်ထိ သေဆုံးကြတာပါ” ဟု သခင်ဇော်က ရှင်းပြသည်။

မကွေးတိုင်း ထီးလင်းမြို့နယ်သည် အကြမ်းဖက် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၅ ခုအနက်မှ ၁ ခုအပါအဝင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article