31.9 C
Yangon

ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တွင် စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ညပိုင်း စစ်ဘေးရှောင်စခန်းပေါ် စစ်တပ်၏ လက်နက်ကြီး ကျ၍ ထိခိုက်သေဆုံးမှုများရှိ

Must read

ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တွင် စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ညပိုင်း စစ်ဘေးရှောင်စခန်းပေါ် စစ်တပ်၏ လက်နက်ကြီး ကျ၍ ထိခိုက်သေဆုံးမှုများရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နေ့၊ ည မရွေး ပစ်ခတ်နေမှုကြောင့် အနည်းဆုံး စစ်ဘေးရှောင် ပြည်သူ ၁ ဦးထက်မနည်းသေဆုံးပြီး ယမန်နေ့ ညပိုင်း စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီးကျ၍ ထိခိုက်သေဆုံးမှုများရှိကြောင်း KNDF နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းတည့်အချိန်တွင် ဘောလခဲ​မြို့အခြေစိုက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးမှာ ဆေးခန်းပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် ဖရူဆိုမြို့ ၊ ဒီးမော့ဆိုမြို့ အခြေစိုက်တပ်များကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ကျေးရွာများ၊ စစ်ဇုန်မဟုတ်သော ကျေးရွာများထဲသို့လက်နက်ကြီး များဖြင့် ပစ်ခက်တိုက်ခိုက် ခဲ့၍ ဖရူဆိုမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် နေအိမ် (၁)လုံး ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ရှိကျေးရွာများတွင် နေအိမ် (၃) လုံးပျက်စီးခဲ့ရပြီး တိရိတ္ဆန်အချို့ ထိခိုက်ခဲ့ရကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ည ၉ နာရီ အချိန် ဒီးမော့ဆိုမြို့ အခြေစိုက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်တွင်း ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်စခန်းပေါ် လက်နက်ကြီး ကျရောက်၍ အနည်းဆုံး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိပြီး အသေးစိတ် မသိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

“မနေ့ ည ၉ နာရီက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ စစ်ရှောင်စခန်းပေါ်ကျတယ်။ အမျိုးသမီး ၁ ဦး ဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ အသေးစိတ်မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article