32.1 C
Yangon

နတ်တလင်း၊ ပေါက်ခေါင်းနှင့် မြင်းမူတို့တွင် စစ်ကား၊ ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

နတ်တလင်း၊ ပေါက်ခေါင်းနှင့် မြင်းမူတို့တွင် စစ်ကား၊ ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phonex –D-F) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် နတ်တလင်းမြို့မှ အရှေ့ဘက် မကျည်းပင်ရွာ ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကားနှစ်စီးကို လယ်မအင်းကျေးရွာနှင့် မကျည်းပင်ကျေးရွာ ကြားတွင် မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့ရဲ့အနီးကို ကျနော်တို့ စတင်ပြီး ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ခြင်းပါ၊ မကျည်း ပင်ရွာက ဆည်အစပ်ရွာ ဆိုတော့ စစ်ကြောင်းထိုးနေတဲ့ တပ်တွေအတွက် ရိက္ခာ လာပို့တာဖြစ်နိုင်တယ်၊ တောင်ညိုဆည်ဘက်ခြမ်း မှာ စစ်ကြောင်းထိုးနေတာအဲဒီအတွက်ရိက္ခာလာပို့တာဖြစ်နိုင်တယ်၊ အဲဒီမကျည်းပင်ရွာကို လက် နက်နဲ့ လူအင်အား ရိက္ခာလာပို့တာဖြစ်နိုင်တယ်” ဟု နတ်တလင်းပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (Phonex –D-F) ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုတိုက်ခိုက်မှုကြောင့် ကား ၂ စီး ထိခိုက်မှုရှိခဲ့သည်ဟု ကနဦးသတင်းရရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ ထိုသို့တိုက်ခိုက်နေချိန် ပြည်သူများက ဆိုင်ကယ် များစီးနင်းလာသည့်အတွက် ရည်မှန်းချက်အတိုင်းအတာထိရောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်သက်ဆိုင်သော အရာများ၊ စစ်ကား များ၊ စစ်တပ်အဖွဲ့ဝင်များနှင့် နီးကပ်စွာနေထိုင်ခြင်း၊ ဆက်ဆံခြင်း၊ သွားလာခြင်းများ လုံးဝမပြု လုပ်ကြရန် နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Phonex –D-F) တပ်ဖွဲ့က အသိပေးထုတ်ပြန်ထား သည်။

အလားတူ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ပေါက်ခေါင်းမြို့အတွင်း လိုက်လံ စစ်ဆေးနေသော စစ်သားများကို မြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာ ရရှိမှု အခြေအနေကို အတည်မပြုနိုင်သေး​ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့ပေါ်ရှိ မြင်းမူရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမများဖြင့် ပစ်ခတ် တိုက်ခဲ့ပြီး မြင်းမူရဲစခန်းအတွင်းသို့ ကျရောက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြု နိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ Lodestar Defense Force ၊PAFD ၊ DKPDF ၊ TTTAPDF ၊ D.B.B.F စသော မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article