32 C
Yangon

နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေနိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ

Must read

နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို သင်ကြားခြင်းပိတ်ပင်ရန်၊ ဥပဒေ ထုတ်ပြန်၍ တားမြစ် အရေး ယူရန် အကြမ်းဖက် မင်းအောင်လှိုင် ခိုင်းစေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဖွင့်လှစ်လျက်ရှိသော ပုဂ္ဂလိကိုယ်ပိုင် ကျောင်း များတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများကို သင်ကြား ခြင်းမပြုရန် နှင့် ဥပဒေထုတ်ပြန်၍ တားမြစ်ဟန့်တား အရေးယူရန် အကြမ်း ဖက် မင်းအောင်လှိုင်က ခိုင်းစေလိုက်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်း ဖက် မင်းအောင် လှိုင်က ထိုသို့ ပြောဆို ခိုင်းစေညွှန်ကြားခြင်းဖြစ်ပြီး တိုင်းနှင့် ပြည် နယ် များရှိ ပညာရေး ဌာနများသို့ မင်းအောင်လှိုင်၏ ခိုင်းစေချက်ကို ဖြန့် ဝေ ထားကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ ခိုင်းစေချက်တွင် ပုဂ္ဂလိက ပညာရေးဥပဒေကို ရေးဆွဲထုတ်ပြန် ပြီးပါက အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်း သင်ကြားမှုများနှင့် အခြား မလိုလားအပ်သော သင်ကြားမှုများကို ထိရောက် သော ဥပဒေပုဒ်မများဖြင့် ထိရောက်စွာ ဟန့်တား အရေးယူဆောင် ရွက်ရ မည် ဖြစ်ကြောင်း သိရှိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက် တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေမှုများကို Focal အဖြစ် တာဝန်ယူ၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်း ကမ်း များနှင့်ဥပဒေများ ရေးဆွဲ ထုတ်ပြန် အရေးယူရန် မင်းအောင်လှိုင်က ခိုင်း စေလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်္ဂလိပ်လို သင်တဲ့ ပုဂ္ဂလိက နိုင်ငံတကာကျောင်းတွေကို ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေ မဖြစ်မနေ သင်ရမယ် လို့ ဖိအားပေးလာ တာ ရှိတယ်။ နောက်ပြီး Halloween party လို သရဲပါတီလို ဟာမျိုးတွေ မလုပ် ရဘူး။ ကလေးတွေကို မသင်ရဘူးဆိုပြီး အမိန့်ပေး လာတာ တွေရှိတယ်။ နိုင်ငံတကာ ပညာရေး ဗြိတိန် GCE တို့ အမေရိကန် GED တို့လို ဟာ မျိုးတွေ ကို ပြည်တွင်းကနေ သင်ကြား ဖြေဆိုတာ တွေ ပိတ်မယ့် သဘောမျိုး တွေ မြင်ရတယ်။ အဓိက ပညာရေး ဝန်ကြီး ဌာနရဲ့ သင်ရိုးညွှန်း တမ်းကို သင်ရမယ် ဆိုတာမျိုးတွေ လုပ်လာတယ်” ဟု ရန်ကုန် အခြေ စိုက် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းများကို ချ ထားပေးသည့် လိုင်စင်နှင့်ခွင့်ပြုချက်များကို ပြန်လည် စိစစ်ပြီး သက်တမ်း တိုး မှု ရပ်ဆိုင်းခြင်း၊ လိုင်စင်များ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု ပုဂ္ဂလိက ပညာရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က သူ၏ မြေးမများကိုမူ ပုဂ္ဂလိက EMPS ကျောင်းကို ငွေကြေးထုတ်ထူထောင် တက်ရောက်စေပြီး ယင်းကျောင်းတွင် ပညာရေး ဝန် ကြီးဌာန၏ သင်ရိုးညွှန်းတမ်းကို အင်္ဂလန်သင်ရိုးတမ်းနှင့် နိုင်ငံတကာ သင်ရိုး ညွှန်းတမ်းကို ပေါင်းစပ်သင်ကြားခြင်းဖြစ်ကြောင်း၊ ပန်းချီအနုပညာ၊ ဂီတ၊ ကာယ၊ အက၊ စာကြည့်တိုက်၊ အားကစားများ ပေါင်းစပ်သင်ကြား ခြင်းဖြစ် သည်ဟုသိရှိရသည်။

“သူ့မြေးတွေကျတော့ နိုင်ငံတကာအဆင့်မီ ကျောင်းထားပြီး အခြားပုဂ္ဂလိက ကျောင်းတွေကိုတော့ ပိတ်ပင်မယ့် သဘောမျိုးလားမသိဘူး။ စောင့်ကြည့်ရမှာပဲ။ ပြည်တွင်းမှာ ပုဂ္ဂလိကကျောင်းတွေ ပိတ်လာရင်တော့ ဒီကလေးတွေ စင်ကာ ပူနဲ့ ထိုင်းဘက်ကို ကျောင်းသွားထားတာတွေ ခေတ်စားလာမယ် ထင်တယ်။ အခုတောင် တတ်နိုင်တဲ့သူတွေက စင်ကာပူမှာ ကျောင်းသွားထားကြတယ်။ လူ လတ်တန်းစားတွေက ထိုင်းလောက်မှာ ကလေးတွေကို ကျောင်းထားနေ ကြ ပြီ” ဟု ရန်ကုန်ကျောင်းသားမိဘတစ်ဦးက သုံးသပ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article