29 C
Yangon

နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

Must read

နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်အကျဉ်းထောင်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ် မှုဖြစ်ပွားပြီး နာရေးကားများ ဝင်ထွက်မှုရှိနေကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ အကျဉ်းထောင်တွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ၀ရုန်းသုန်းကား အသံများကြားရကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် နာရေးကားများ ဝင်ထွက်နေပြီး အကျဉ်းထောင်ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျောက်ဆည် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့ရှိနေကြောင်း သိရှိရသည်။

“ဒီနေ့မနက်ပိုင်း၊ ကျောက်ဆည်အချုပ်ထောင်မှာ ပစ်ခတ်သံတွေကြားနေရတယ်။ မနက် ၅ နာရီ လောက်ကတည်းကပါ။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဘယ်လင်း သုခဒါန ပရဟိတ ကားနဲ့ သယ်သွားတာတွေ့တယ်။ ပစ်ခတ်သံတော့ တော်တော်များတယ်။ အခု အကျဥ်း ထောင် ဧရိယာ ကိုပိတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article