36 C
Yangon

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု

Must read

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့နံနက်ပိုင်း ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒုံး ၂ စင်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်အတွင်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“အပစ်ခံရတာမှန်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အပစ်ခံရတာ ဟုတ် ပါတယ်။ လူထိလား မထိလား အဲဒါလည်း သေချာမသိရသေးဘူး။ တပ် တွေ မတူ တော့ မေးလို့ မြန်းလို့ မကောင်းဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်များက အရာရှိရိပ်သာဟု ယူဆရသော အဆောက် အအုံတစ်လုံးကို ဒုံးကျည်ထိမှန်ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ပတ်ဝန်းကျင်ရှိ ကျေးရွာများ နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ညပိုင်း ဧည့်စာရင်းစစ်ခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ တပ်ရှေ့ နှင့်ပတ်ဝန်းကျင် သွားလာမှု ပိတ်ပင်ခြင်းများ ပြုလုပ်ရန် ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ရုံးထိုင်နေသည့် နေပြည်တော် သမ္မတအိမ်တော်ကို ကောင်းကင် မြေပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article