31 C
Yangon

ပခုက္ကူတွင် ယမ်းမှုန့်အိတ်များ တွေ့ရှိသည်ဆိုကာ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီး၊ ကနီတွင် KLG တပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး

Must read

ပခုက္ကူတွင် ယမ်းမှုန့်အိတ်များ တွေ့ရှိသည်ဆိုကာ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီး၊ ကနီတွင် KLG တပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁၁ ရပ်ကွက်တွင် ဒေသခံ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဖမ်းဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပခုက္ကူမြို့၊ အမှတ် ၁၁ ရပ်ကွက် ၁၅ လမ်း မြိုင်လမ်းနှင့် ရွှေလမ်းအကြား ကုန်ကားပိုင် ကိုဖိုးနှင့် ဆိုက်ကား ဆရာ တို့ကို အကြမ်းဖက် စစ်တပ်က ယမ်းမှုန့်အိတ်တွေ့သည်ဆိုကာ ပစ်ခတ် ဖမ်းဆီးသွားခြင်း ဖြစ်​ကြောင်း သိရသည်။

” ပခုက္ကူ အမှတ် ၁၁ ရက်ကွက် ၁၅လမ်း မြိုင်လမ်းနဲ့ ရွှေလမ်း အကြား ကုန်ကားပိုင် ကိုဖိုးနဲ့ ဆိုက်ကား ဆရာတစ်ယောက်ကို သေနတ်ဖောက် ရိုက်နှက်ပြီး ၂ နာရီကျော်လောက်က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ယမ်းမှုန့်အိတ် တွေ့တယ်ဆိုပြီး ဖမ်းသွားတာ တခြားကွင်းဆက် လူတွေရှိရင်လည်း သိအောင် ရှောင်ချိန်ရအောင်ပါ” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ ၂ ဦး၏ အခြေအနေကို မသိရှိရသေးဘဲ စတင်ဖမ်းဆီးချိန်ကတည်းက စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အလွန်အမင်း ရိုက်နှက်နေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးရွာအနီး KLG တပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆဖြစ်၍ ကျဆုံးခဲ့ကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာအနီး မိုင်းထောင်ရင်း မိုင်းမတော်တဆဖြစ်ပြီး KLG PDF မှ ရဲဘော် ဇော်ကြီး ကျဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ဓာတ်ပုံ- မိုင်းမတော်တဆမှုဖြင့် ကျဆုံးသူ KLG PDF ရဲဘော် ဇော်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article