29 C
Yangon

ပခုက္ကူမြို့နယ်၊ ရွှေဘုံသာ စစ်တပ်စခန်းကို PDF တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီးများ အထိနာပြီး တပ်ပြန်လည် ဆုတ်ခွာ

Must read

ပခုက္ကူမြို့နယ်၊ ရွှေဘုံသာ စစ်တပ်စခန်းကို PDF တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီးများ အထိနာပြီး တပ်ပြန်လည် ဆုတ်ခွာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက် ခိုက်ရာ လက်နက်တိုက်အပါအဝင် အကြမ်းဖက်စစ်သာများထိခိုက်သေဆုံးမှုများပြားကြောင်း Pakokku Revolution Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြား သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီခန့်အချိန် ရွှေဘုံသာကျေး ရွာရှိ စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်း၊ ပျူစောထီးခေါင်းဆောင်နေအိမ်၊ လက် နက်တိုက်ပါအဝင် အကြမ်းဖက်စစ်သားများရှိရာ နေရာများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်တွင် တိုက်ခိုက်ခြင်းတို့ဖြင့် PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုသည် ပျူစောထီး ခေါင်း ဆောင်နေအိမ်နှင့် လက်နက်တိုက်ကို တိုက်ရိုက်ထိမှန်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန် ရှော့ခ်တိုက်ဒုံး၊ လက် နက်ကြီးများဖြင့်ပါ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်မျက်နှာ ၂ ခုကနေ ဝင်ဆော်တာ၊ ကတုတ်ကျင်းထဲအထိ ဝင်ဆော်က ရွာရဲ့မြောက်ဘက်တစ်ခြမ်းကနေ နံနက် ၁၁ နာရီလောက်မှာပဲ ဝင်ဆော်တာ၊ ဒရုန်းတပ်က ရွာရဲ့ အခြားတစ်ဖက်ခြမ်းကနေ ဗုံးကျဲတာ၊ ရွာ မြောက်ခြမ်းကနေ ဝင်တိုက်ခိုက်တဲ့အဖွဲ့က ကတုတ်ကျင်းထဲအထိ ရောက်ခဲ့လို့ အပြန်အလှန်ပစ်ရင်း မဟာမိတ်ရဲဘော်တစ်ဦး ဒဏ်ရာရပြီး ပြန်ဆုတ်ခဲ့တာ” ဟု Pakokku Revolution Front မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။

ရွှေဘုံသာ( ပျူစောထီးရွာ )မြောက်ဖက်ရှိ စစ်တပ် ကတုတ်ကျင်း ထဲအထိ ၀င်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အပြန်အလှန် ထိတွေ့မှုဖြစ်ပြီး မဟာမိတ် တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့စဉ် စစ်တပ်က လိုက်လံပစ်ခတ်ကြောင်း၊ လိုက်လံပစ်ခတ်သည့် အကြမ်းဖက်စစ်သားအများပြား တိုက်မိုင်းမိကာ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည် ။

စစ်ဆင်ရေးကို ပခုက္ကူတော်လှန်ရေးတပ်ဦး၏ Bravo Squad နှင့် Black ပျောက်ကြား တပ် ဖွဲ့၊ Alpha Squad ၊ Charlie Squad ၊ ပခုက္ကူခရိုင်တပ်ရင်း(၁၆)၊တပ်ခွဲ(၁) Pakokku G-Z ၊ပခုက္ကူ ခရိုင် တပ်ရင်း(၁၆)၊ တပ်ခွဲ(၂) ဗိုလ်မီးခဲ အဖွဲ့ ၊ MUGDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF တပ်များ၏ တိုက်ခိုက်မှု ခံရပြီးနောက် ရွှေဘုံသာရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများအားလုံးသည် ယမန်နေ့ ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာ၍ တပ်ဆုတ် သွားကြောင်း၊ မည်သည့်နေရာသို့ ပြန်လည်ဆုတ်ခွာသွားသည်ကို မသိရသေးကြောင်း Pakokku Revolution Front ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article