28 C
Yangon

ပခုက္ကူမြို့ရှောင်လမ်းတွင် စစ်ကားတစ်စီး မိုင်းခွဲခံရပြီးနောက် ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်သတ်

Must read

ပခုက္ကူမြို့ရှောင်လမ်းတွင် စစ်ကားတစ်စီး မိုင်းခွဲခံရပြီးနောက် ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းပိုင်းတနေရာတွင် စစ်တပ်လှည့်ကင်းကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီခန့်အချိန် ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့ရှောင်လမ်းတွင် စစ်တပ်၏ လှည့်ကင်းကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတွင် တွေ့ရှိသည့် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ် သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။

“စစ်တပ်လှည့်ကင်းကားကို မိုင်းခွဲခဲ့တာတော့မှန်တယ်၊ ပခုက္ကူမြို့နယ် ကာကွယ် ရေးတပ်ဖွဲ့တစ်ခုကပဲ၊ သူတို့တပ်ဖွဲ့ကတော့ ထုတ်ပြန်ပါလိမ့်မယ်၊ စစ်တပ်က ပစ်သတ်လို့ သေတယ် ဆိုတဲ့သူတွေက PDF တွေမဟုတ်ပါဘူး၊ ပြည်သူတွေပဲ” ဟု ပခုက္ကူအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောကြားသည်။

ယမန်နေ့ညပိုင်း စစ်ကား မိုင်းခွဲခံရချိန် အနီးအနားပတ်ဝန်းကျင်နေအိမ်များပါ လှုပ်ခါသွားကြောင်း၊ အကြမ်းဖက်စစ်တပ်က သေနတ်များရမ်းသမ်းပစ်နေသည်ကို အဆက်မပြတ်ကြားရကြောင်း၊ အနီးအနားရှိ ကညနရုံးတွင်းမှ စစ် သားများကလည်း ည ၉ နာရီကျော်အထိ သေနတ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတစ်ဦး က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article