32 C
Yangon

ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့​သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပင်လောင်မြို့နယ်ရှိ တောင်စလုံး၊ မြောက်စလုံးနှင့် ကောင်မဲတင်းကျေးရွာများကို ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက် စစ်တပ် စကခ ၇ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု​အတွင်း တောင်စလုံးကျေးရွာနေ အသက် ၄၆ နှစ် အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်က အရပ်သားပြည်သူများကို ရန်သူ သဖွယ်သတ်မှတ်ပြီး ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ စဥ်ဆက်မပြတ်ပြုလုပ်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်မြို့နယ် အတွင်းရှိ ရှေ့တန်းစခန်းများနှင့် ကင်းပုန်းစခန်းများ မကြာခဏ တိုက်ခိုက်ခံရသောကြောင့် PNO တပ်များနှင့် အတူ တပ်အင်အားဖြည့်တင်းလျက်ရှိကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article