28 C
Yangon

ပုလဲတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး

Must read

ပုလဲတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့ပေါ်၌ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။

“ကင်းပုန်းစောင့်ဖို့ အတွက် စစ်ခွေးကောင်တွေ ထွက်လာတာကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ၄ ကောင် သေဆုံးပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်တာပါ။ စစ်ခွေး ၇ ကောင် ထွက်လာကို မိုင်းဆွဲ တိုက်ခိုက်တာ ၄ ကောင် သေတယ်။ ရဲဘော်များမှာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်းကိုင်း ပျူစောထီးရွာတွင် နေထိုင်သည့် ပျူစောထီး မျိုးလှိုင်သည် ညောင်းကိုင်းပျူရွာမှ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဇီးဖြူးကုန်းရွာ သို့ သွားရောက်စဥ် ဂျိုးမြေဇင်းရွာ အ‌ရောက်၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထောင်ထားသည့် နင်းမိုင်း နင်းမိကာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို( LPDF ) အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO LPDF အဖွဲ့၊ တောင်သူကြီး-ရွှေဘို (LPDF) အဖွဲ့၊မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့နှင့် တိုက်နယ်-၂ မဟာမိတ်ညီကိုများ ထောင်ထားသည် နင်းမိုင်းမိ၍ သေဆုံးခဲ့ခြင်းကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article