28 C
Yangon

ပုလဲမြို့နယ်ထွေအုပ်ရုံးကို ကင်းစောင့်ရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံ

Must read

ပုလဲမြို့နယ်ထွေအုပ်ရုံးကို ကင်းစောင့်ရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရုံးကို ကင်းစောင့်ရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန် ပုလဲမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်ကို ကင်းစောင့်ရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာမှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ညပိုင်း ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်ကြောင်းဖြစ်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

*မနေ့က ဆားလင်းကြီးကျားတက်ရွာကနေ ထွက်လာတဲ့ စစ်ကြောင်း။ ဒီနေ့ နေ့လယ်ခင်းမှာ ပုလဲမြို့ကို ရောက်လာပြီး ညဘက် ကင်းပုန်းဝပ်ဖို့ ကြိုထွက်တဲ့ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲလိုက်တာပါ။ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် သွေးကြွေးဆပ်တာပါပဲ။ မိုင်းဆွဲမှုကြောင့် ခွေး ၃ ကောင် နေရာတင်သေပြီး ခွေး ၁ ကောင်တော့ ဒဏ်ရာရပါတယ်” ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ဒေါင်းနက်အဖွဲ့ တာဝန်ရှိသူ ရဲဘော်ပေက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့ ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ PDF ၇ ဦး ကျဆုံးခဲ့ပြီး ကား ၃ စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article